32 C
Yangon

အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ရခိုင်ပြည်၊ အမ်းမြို့ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲဆုတ်ခွာခဲ့သူ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

နိုဝင်ဘာလနှောင်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပို့လာသည့် Mi-17 ရဟတ်ယာဉ်ပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းက အတင်းတက်၍ လိုက်ပါခဲ့ကြောင်း၊ အမိန့်မရဘဲ နပခမှ စွန့်ခွာခြင်းဖြစ်၍ ရိက္ခာပို့ ရဟတ်ယာဉ် မကွေးလေတပ် စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် နပခ ဒုတိယတိုင်းမှူးကို ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။

“ဒုတိုင်းမှူး ဖမ်းဆီးခံထားရတယ်လို့တော့ သိရတယ်။ အကြောင်းအရင်းကတော့ သေချာမသိရသေးပါဘူး။ အဖမ်းခံရတာတော့မှန်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှိမနေကြောင်း၊ နပခအတွင်း တပ်မိသားစုများ၊ နောက်ဆုံးလက်ကျန် စစ်အင်အား ရာချီ ရှိနေဆဲဖြစ်ပြီး ဆက်လက် ခုခံတိုက်ခိုက်မှုများရှိနေဆဲဖြစ်ကြောင်း၊ မောင်တောမြို့ရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲစခန်းဌာနချုပ် သိမ်းပိုက်ခံရစဉ် ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က လက်ရ ဖမ်းဆီးလိုက်မှုကြောင့် နပခမှ ဗိုလ်ချုပ်များအကြား အလွန်စိုးရိမ်ထိတ်လန့်နေကြကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် AA က ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ၎င်းကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသဖြင့် နပခ ဗိုလ်ချုပ်များအကြား အဖမ်းမခံရရေး အတွက် ကြိုတင်ပြင်ဆင်မှုများလည်းရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အခမ်းအနားတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article