31 C
Yangon

အုတ်ဖိုတွင် စစ်မှုထမ်း တပ်သားသစ် စုဆောင်းနေသော ပျူစောထီး ၂ ဦးဖမ်းဆီးထားစဉ် အချုပ်ခန်းဖောက်ထွက်ပြေးမှု လိုက်လံပစ်ခတ် ဖမ်းဆီးရာမှ သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပျူစောထီး ၂ ဦးကို ဖမ်းဆီးထားရာ အချုပ်ခန်း ဖောက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဒီဇင်ဘာလ ၃ ရက်နေ့နံနက် ၉ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ် ၁၀ ရပ်ကွက် နေ ပျူစောထီး အရှည်ကြီး နှင့် ဝေလင်း တို့သည် ဆင်ကူးရွာဘက်မှ ပဲခူးရိုးမထဲသို့ စစ်တပ် စစ်ကြောင်းထိုးရန် လမ်းကြောင်းရှာခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များအကြောင်း သတင်းစုံစမ်းရန် ဆိုင်ကယ်စီးထွက်လာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ၄င်းတို့နှစ်ဦးကို နောက်တန်းစခန်း၌ စစ်ဆေးမေးမြန်းရန် ထိန်းသိမ်း ထားစဥ် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် စခန်းမှ ထွက်ပြေးသဖြင့် လိုက်လံရှာဖွေကာ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီး အရှည်ကြီး နှင့် ဝေလင်းတို့သည် အေးမြသာယာမြို့နေ နာမည်ကြီး ပျူခေါင်း ဆောင် ဝဏ္ဏ၏ လက်ရုံးတပည့်များဖြစ်ကြပြီး ပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး ရိုက်နှက်ခြင်း၊ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအား ထောက်လှမ်းကာ အကြမ်းဖက်စစ်တပ်ထံ ပေးပို့ခြင်းတို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article