ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့တို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတပ်များအကြား ၁၆ ရက်တာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ၁၆ ရက်တာ ဗန်းမော်မြို့နှင့် မံစီမြို့တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ဗန်းမော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်သည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဘဲ တိုက်ပွဲများ ဆက်ဖြစ်ပွားနေကာ တော်လှန်ရေးတပ်များက စစ်သုံ့ပန်းများ ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
” မနေ့ကလည်း မံစီနဲ့ ဗန်းမော် ၃ မိုင် နဲ့ ၅ မိုင်ပတ်လည်၊ ဗန်းမော် တက္ကသိုလ် ဘက်မှာ တိုက်ပွဲတော်တော်ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်က လေ ကြောင်း ပစ်ကူ ၅ ကြိမ်ရှိတယ်။ စစ်ခွေးအရှင်ဖမ်းမိတာ၊/ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတာတွေရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက မံစီမြို့ရှိ ကျန်ရှိနေသော ခမရ-၃၁၉၊ ခမရ ၆၀၁ နှင့် အမှတ် ၅၂၃ အမြောက်တပ် တပ်ရင်းဌာနချုပ် ၃ ခုကိုလည်း တပြိုင်နက်တည်း ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar