ရန်ကုန်၊ ဒီဇင်ဘာ ၂၀
ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
“ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း ဖမ်းဆီးရရှိထားပြီးဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း လိုက်လံ ဖမ်းဆီးနေတာရှိပါတယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar