တောင်ငူမြို့ အမှတ် ၉၃၀ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ စစ်ကောင်စီ၏ အမှတ် ၉၃၀ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ၂၂ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ ထောက်ပံ့ပို့ဆောင်ရေး ၉၃၀ တပ်ကို ရှော့ တိုက်ဒုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပျက်စီးဆုံးရှုံးမှုနှင့်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး စစ်တပ်က တပ်တွင်းဖုန်းလိုင်းများကို ဖြတ်တောက်ထားကြောင်း သိရှိရသည်။
တောင်ငူမြို့မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက်အစောပိုင်းတွင် ပေါက်ကွဲသံများနှင့် ရှော့တိုက်ဒုံး ပစ်ခတ်သံများကြားရပြီး နေအိမ်များ တုန်ခါသွားခဲ့ကြောင်း ပြောဆိုသည်။
“ဒီမနက်အစောပိုင်း ၁၂ နာရီ ၃၄ မိနစ်မှာ တပခ(တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)ထဲကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်သံကြားရပါတယ်။ စုစုပေါင်း ၃ ချက်ပါ ။ ပြည်သူတွေ တော်တော်များများ လန့်နိုးကုန်ကြတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် မုံရွာမြို့ရှိ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)