30 C
Yangon

တီးတိန်မြို့နယ်၊ စီယင်းဒေသတွင် ဘိန်းစိုက်ခင်း ၃ ဧကခန့်ကို CDF CDM SIYIN တပ်ဖွဲ့က ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီယင်းဒေသရှိ ဘိန်းစိုက်ခင်း ၃ ဧကခန့်ကို ဖျက်ဆီးခဲ့ကြောင်း CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ချင်းပြည် (Chinland) Siyin ဒေသအတွင်း CDF CDM SIYIN ၏ ၂၀၂၄ ခုနှစ် ပုံမှန်အစည်းအဝေးဆုံးဖျက်ချက်အရ ဒေသအတွင်းရှိ ဘိန်းခင်း ၃ ဧကခန့် ကို CDF CDM SIYIN ရဲဘော်များက ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ဘိန်းခင်းများကိုလည်း ဆက်လက်ဖျက်ဆီးသွား မည်ဖြစ်ကြောင်း သိရသည်။

“ချင်းပြည်နယ်မှာ ဘိန်းခင်းတွေကများတယ်၊ အခုဖျက်ခဲ့တာက ကလေးမြို့နယ်နဲ့နီးတဲ့ စီယင်းဒေသ မှာရှိတာကို ဖျက်ဆီးခဲ့တာ။ အခုက ကျနော်တို့ရဲဘော်တွေက တွေ့လို့ ဖျက်တာ၊ အချို့နေရာတွေ မှာရှိသေးတယ်လို့ သိရတယ်၊ သွားကြည့်ပြီး ဖျက်ဆီးအုံးမှာပါ။ ပြည်သူတွေကပဲ စားဝတ်နေရေး အခက်အခဲရှိတာနဲ့ စိုက်ထားတာ၊ လွယ်လွယ်ရတော့ အဲဒါပဲ လုပ်စားချင်နေကြတဲ့သဘော။ စကစနဲ့ ပေါင်းတာတော့မဟုတ်ဘူး။ စားဖို့ခက်ခဲလာလို့ လုပ်ကြတာ။ ဘိန်းခင်းတွေနဲ့ ပတ်သက်ရင်တော့ ဆက်လက်ဖျက်ဆီးသွားမှာပါ” ဟု CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဘိန်းခင်းပိုင်ရှင်များသည် ပြည်သူများဖြစ်ကြပြီး နိုင်ငံရေးအခြေအနေအရ စားဝတ်နေရေး ခက်ခဲလွန်းသောကြောင့် စိုက်ပျိုးရခြင်းဖြစ်သည်ဟု ပြောသော်လည်း နိုင်ငံရေးမတည်မငြိမ်မှုကို အခွင့်ကောင်းယူခြင်း စားဝတ်နေရေးအတွက် မဟုတ်ပဲ ကိုယ့်ကောင်းကျိုး ကြည့် စီးပွါးရေး သမား အချို့၏ သွေးထိုးအားပေးမှုကြောင့်သာဖြစ်သည်ကို တွေ့ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

တိုင်းပြည်နှင့်လူမျိုးရပ်ရွာ အနာဂတ်လှပဖွင့်ဖြိုးသာယာအေးချမ်းစေရေးအတွက် CDF CDM SIYIN အနေဖြင့် လက်မခံနိုင်ပဲ ဘိန်းခင်းများ တိုးချဲ့စိုက်ပျိုးခြင်းကို လုံးဝတားမြစ်ကြောင်း၊ ဘိန်း အခွန်ကိုလည်းကောက်ခံမည်မဟုတ်ကြောင်း၊ CDF CDM Siyin ထိန်းချုပ်နယ်မြေဒေသတစ်ခုလုံး ဘိန်းစိုက်ပျိုးခြင်း ကင်းစင်ရေးစီမံကိန်း ချထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းအသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article