25 C
Yangon

မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက် လူသတ်ပြီး ကားယူဆောင်သွား၊ တော်လှန်ရေးအဖွဲ့များက ဓားပြတိုက်သူများကို လိုက်လံလိုက်လံဖမ်းဆီးရာမှ ကားကို ပြန်လည် သိမ်းဆည်းရရှိ၊ ကျူးလွန်သူများကို သိရှိထားပြီး အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးမည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ လူသတ်ဓားပြတိုက်မှုဖြစ်ပြီး ကားယူဆောင်သွားမှုဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်များက ဓားပြတိုက်သူများကို လိုက်လံ ရှာဖွေခဲ့ရာမှ လုယက်သွားသည့် ကားကို ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်း မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်းအထိ လူတစ်စုက ဝင် ရောက်ဓားပြ တိုက်ကာ အိမ်ရှင်ဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် Toyota Wish အဖြူရောင်ကား တစ်စီး ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ဓားပြတိုက်မှုဖြစ်ပွား​ကြောင်း သတင်းရရှိသည်နှင့် မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာနယ်မြေခံတလရအဖွဲ့အစည်းများက လမ်းများ ပိတ် ဆို့ပြီး မုံရွာမြို့နယ် ပလဖ(တာဝန်ခံ) ကိုအာကူး ကိုယ်တိုင်ဦးဆောင်၍ မြို့နယ် ပလဖ ရဲဘော်များ နှင့်အတူ စစ်ဆေးရှာဖွေမှုများပြု လုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းပေးပို့ချက် အရ မုံရွာမြို့နယ် အက်တောရပ်ကွက် ကန်သာဘုန်း ကြီးကျောင်း၏အရှေ့ဘက် ကွန်ကကရစ် လမ်း ပေါ်တွင် လုယူမောင်းပြေးလာသောကားကို ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

သက်ဆိုင်ရာ ဓားပြတိုက်ခံရသော မိသားစုအနေဖြင့် ကားကို ပြန်လည်ယူဆောင်နိုင်ရန် မုံရွာပလဖ က ဖော်ထုတ်ပေးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများကလည်း အိမ်စီးကားများ ဖြင့် ယင်းနေရာပတ်ဝန်းကျင်တွင် ပတ်နေရာမှ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ရဲဘော်တွေအားလုံးဘေးကင်းပါတယ်။ ကားကတော့ စီယာတိုင်က လော့ကျ ၊ သော့ကမရှိလို့ ထားခဲ့ရပြီး သတင်းအချက်အလက်သာ အရယူနိုင်ခဲ့ပါတယ်” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ မှ တာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓားပြမှုကျူးလွန်သူများ၏ သတင်းအချက်အလက်များအားလုံးကို မုံရွာမြို့နယ် ပလဖ က ရရှိထားပြီး ဖြစ်၍ အမြန်ဆုံးရှာဖွေဖမ်းဆီးဖော်ထုတ်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article