23 C
Yangon

တီးတိန် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၉ တပ်ရင်းမှ တပ်သား မောင်စစ်ပိုင်ဖြိုး (ခေါ်) ကိုဖြိုးသည် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပကဖ ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ခလရ ၂၆၉ တပ်ရင်းမှ တပ်သား မောင်စစ်ပိုင်ဖြိုးသည် MA 1 သေနတ် ၁ လက် ၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ ခု၊ ကျည် ၁၀၀ နှင့် အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်သား မောင်စစ်ပိုင်ဖြိုးသည် အလင်းဝင်ရောက်စဉ် မတရားသည့် အကြမ်းဖက် စစ်တပ်တွင်း မနေလို၍ ဘက်ပြောင်းခိုလှုံ့လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် မောင်စစ်ပိုင်ဖြိုးသည် အကြမ်းဖက် စစ်တပ်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တပ်သား အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မကွေးတိုင်း အောင်လံမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article