By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်က မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်ရှုံးနေတာကို လက်ခံကြဖို့ နဲ့ လုပ်ဖော်ကိုင်ဖက် တပ်မှူး နဲ့ စစ်သည်တွေအနေနဲ့လည်း ခေါင်းဆောင်မပီသတဲ့သူရဲ့ လက်အောက်မှာ အသက်အသေမခံဘဲ အလံဖြူထောင် လက်နက်ချကြဖို့ကိုပါ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
- ရခိုင်ပြည်နယ် အမ်းမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဖမ်းဆီးရရှိ ထားတဲ့ ရာပေါင်းများစွာသော စစ်ကောင်စီတပ်သား စစ်သုံ့ပန်းတွေကို အာရက္ခတပ်တော် AA က ဆေးဝါးကုသပေးပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ AA က ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။
- မန္တလေးတိုင်းက မတ္တရာ နဲ့ သပိတ်ကျင်းမြို့နယ်အပြင် ပြင်းဦးလွင်အထွက် နောင်ချိုမြို့နယ်တွေမှာပါ မန္တလေး PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar