30 C
Yangon

၂၀၂၄ ခုနှစ်အတွင်း နိုင်/ကျဉ်း ၉ ဦး ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရကာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်/ကျဉ်း ၂၂ ဦးရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၉ ဦး ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရကြောင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဥပဒေမဲ့ သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများတွင် မနိုလ်ဘယ်အေး နှင့် ကိုလေးခင်းတို့သည့် အမှုရင်ဆိုင်နေစဉ်အတွင်း ဝေါမြို့နယ် တရားရုံးမှ အပြန်တွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုဝင်းသီဟနှင့် ကိုမင်းသူ ခေါ် မော်လဝီရှက်မင်းတို့သည် ထားဝယ်အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုအောင်ကျော်ဇင်မှာမူ မုံရွာ အမှတ် ၁ ရဲစခန်း မှ အကြမ်းဖက်စစ်တပ်၏ ခေါ်ထုတ်သတ်ဖြတ်ခံရ၍ ကျဆုံးခဲ့ကာ ကိုနိုင်ဝင်းထွန်း ခေါ် ဖားပြုတ် သည် မြင်းခြံထောင်တွင် အကျဉ်းဦးစီးအရာရှိက ညဉ်းပန်းနှိပ်စက်ရိုက်နှက်ခဲ့၍ အကျဉ်းထောင်းတွင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကိုအောင်နိုင်ထွန်းနှင့် ကိုကျော်စိုးဝင်းတို့မှာ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်းများ၏ သေနတ်နှင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် ဦးခေါင်းထိမှန် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုထက်ရန်နိုင် ခေါ် ထက်ထက် သည် အိုဘိုအကျဉ်းထောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းများနှင့် လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသားများက ဝိုင်းဝန်းရိုက်နှက်ခဲ့၍ ရရှိဒဏ်ရာများနှင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

“အခု ကျွန်တော်တို့ ထုတ်ပြန်ထားတာတွေဟာ ကျွန်တော် လက်လှမ်းမီသလောက် အကျဉ်းထောင် ၄၀ ကိုသာ စုစည်းပြီးတော့ ထုတ်ပြန်ထားတာ ဖြစ်တဲ့အတွက် စိစစ်အတည်ပြုဖို့ ကျန်ရှိနေသူတွေ၊ မသိရှိဘဲနဲ့ ကျန်ခဲ့တာတွေ ရှိနိုင်တယ်။ ဒီ သေဆုံးမှုတွေဟာ အကျဉ်းထောင်တွေအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ အနည်းဆုံးနဲ့ အတည်ပြုထားနိုင်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ မြေပြင်မှာ ဒီထက်ပိုမိုများပြားတဲ့ သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး ၃ ဦး၊အမျိုးသား ၁၈ ဦး၊ LGBT ၁ ဦး၊ စုစုပေါင်း ၂၂ ဦး ရှိကာ ၂၀၂၄ ခုနှစ်အတွင်း ဥပဒေမဲ့ ညှဥ်းပန်းနှိပ်စက်ခံရမှုတွင် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ အနည်းဆုံး ၁၄၈ ဦးကို အကျဉ်းဦးစီးဝန်ထမ်းနှင့် လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသားများက ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်အတွင်း ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၃၀၅၄ ဦးရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူ ၁၇၈၃ ဦးတို့ သည် မိသားစုနှင့်ဝေးကွာသည့် အကျဉ်းထောင်များသို့ ထောင်ပြောင်းရွေ့ခဲ့ရကြောင်း၊ အကျဉ်းထောင်တွင်းညှဥ်းပန်းနှိပ်စက်ခံရ ပြီးနောက် တိုက်ပိတ်ခံရသည့်အရေအတွက်မှာမူ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၇၆ ဦး အထိ ရှိခဲ့ပြီး ရိုက်နှက်မှုများအပြင် တိုက်ပိတ်ပြစ်ဒဏ်များကိုပါ ခံခဲ့ရကြောင်း ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း ကလေးနှင့် အတူရှိနေသည့် နိုင်ငံရေးအကျဉ်းသူသည် အနည်းဆုံး ၃၅ ဦး ရှိပြီး ကလေးငယ်နှင့် အတူ ထောင်တွင်း၌ အကျဉ်းချခံထားရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကျဉ်းသားတချို့၏ နာရေး တရားနာမြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကျဉ်းသားတချို့၏ နာရေး တရားနာမြင်ကွင်း
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article