31 C
Yangon

မြစ်ခြေ-ကမ္မ နယ်စပ်ကို စစ်တပ် ရိက္ခာပို့ယာဉ်များ ဖြတ်သန်းနိုင်ရန် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မကွေးတိုင်း၊ မြစ်ခြေ-ကမ္မ နယ်စပ်ကို အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်များ ဖြတ်သန်းနိုင်ရန် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ နယ်စပ်ကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်က်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ရှေ့ပြေးပွိုင့်ကို တော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးကာ နောက်မှ တက်လာသော အကြမ်းဖက် စစ်သားများကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ခ န့်အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမှာတော့ စစ်ခွေး ၁၀ ကောင်ခန့် သေပါတယ်။ ခွေးစစ်ကြောင်း အခြေအနေကိုတော့ ကျန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပကဖအမှတ် ၁ တပ်ရင်း ၊ မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C) နှင့် ဧရာဒေါင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်ခြေမြို့နှင့် ကမ္မမြို့ နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ကမ္မမြို့ရှိ ချိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ မြို့ ၂ မြို့ အစပ်ရှိ ကျေးရွာ ၂၀ ခန့်ပါ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article