ရန်ကုန်၊ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့မဈေးကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဈေးသည်များထံမှ အသား၊ ငါး များကို သေနတ်ထောက် ခြိမ်းခြောက်၍ ယူဆောင်သွားကာ ခလရ ၈၉ တပ်ရင်းထဲတွင် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကလေးမြို့ မြို့မစျေးကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အသားမျိုးစုံ ရောင်းချနေသည့် ပြည်သူများကို သေနတ်ထောက် ခြိမ်းခြောက်၍ ဝက်သား၊ ကြက်သား၊ ငါး နှင့် အမဲသား တို့ကို ယူဆောင်သွားကြောင်း သိရသည်။
ထို့ပြင် ကလေးမြို့မဈေးအနီးရှိ နေအိမ် ၁ အိမ်မှ ပြည်သူပိုင် ဝက် ၁ ကောင်ကိုလည်း အတင်းအဓမ္မ ယူဆောင်သွားကြောင်း၊ ထိုသို့ ယူဆောင်သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခလရ ၈၉ တပ်ရင်းထဲ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် ၇ နာရီ လောက်က ကလေးမြို့ မြို့မစျေးထဲက အသားမျိုးစုံ ရောင်းချနေတဲ့ ပြည်သူများတွေထံကနေပြီး မြို့မရဲစခန်းက စစ်ခွေး၊ ရဲ နဲ့ ပျူစောထီးတွေ ဈေးကို ဝင်စီးပြီး ပစ္စည်းတွေ လုယူသွားကြတယ်။ အခု ညနေပိုင်းမှာ ကလေးမြို့ ၈၉ တပ်ရင်း ဒကစ ထဲမှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ လုပ်နေပါတယ်။ အခု ချက်ပြုတ်နေကြတယ်။ ပျူခွေးတွေက သူတို့ မျက်နှာ တွေမမြင်ရအောင် မျက်နှာမှာ ခေါင်းစွတ်တွေ ဝတ်ထားတယ်။ ပြည်သူ့ပစ္စည်းတွေနဲ့ နှစ်သစ်ကူးမှာ ပွဲလုပ်ဖို့တဲ့ အရှက်ကို မရှိကြဘူး။ တကယ့် အောက်တန်းစားတွေ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar