မုံရွာမြို့ရှိ ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ပြုလုပ်
မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ LGBT Alliance Myanmar နှင့် အမျိုးသမီးမဟာမိတ်အင်အားစု (WAB) တို့ပူးပေါင်း၍ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ကို ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးကလည်း လူထုကို တော်လှန်နှစ်သစ်အတွက် တော်လှန်ခွန်အားများ အရှိန်မြှင့်တင်ရန် တိုက်တွန်းဟောပြောခဲ့ကြောင်း သိရှိရသည်။