24 C
Yangon

မိုးညိုမြို့နယ်တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက အင်အားတိုးချဲ့ဖွဲ့စည်းနေပြီး ပြည်သူများကို ဖိနှိပ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကြံ့ဖွတ်ပါတီဝင်များက ပျူစောထီးအဖွဲ့များကို အင်အားတိုးချဲ့ဖွဲ့စည်းပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးညိုမြို့နယ်၊ ပဒေသာကျွန်းရွာတွင် အိမ်ထောင်ကျနေသော ငါးပတ်ချောင်းရွာသား စစ်ထွက် ပျူစောထီး အေးချိုဆိုသူသည် မိုးညိုမြို့နယ် ထွေ/အုပ်ရုံးတွင် နေထိုင်ပြီး စစ်မှုထမ်း ဆိုင်ရာကိစ္စရပ်များကို ကိုယ်တိုင်ကိုင်တွယ်ပြီး ပြည်သူများထံမှ ငွေကြေးတောင်းခံမှုများ အတင်းအဓမ္မ လုပ်ဆောင်နေကြောင်း၊ငါးကယ်ရွာတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျောင်းစောင့် သိန်းလှိုင်၏ သမတ်ဖြစ်သူ နှင့် ရွာသစ်ရွာမှ ခင်မောင်ဝင်း တို့ ပူးပေါင်း၍ အကြမ်းဖက် စစ်တပ်ထံမှ ရရှိသော သေနတ်အဟောင်း များကို ပြန်လည် ပြင်ဆင်ကာ ငါးကယ်ရွာ အနီးတွင် ညစဉ် သေနတ်ပစ်ဖောက်၍ ပြည်သူများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အလားတူ ရေကင်းရွာတွင် ရဲထွက် အကြီးကောင် ဆိုသူက အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်း၍ ရေကင်းရွာတောင်ပိုင်းမှ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်ဆောင်၍ ငွေအမြောက်အများဖြင့် ပြန်လည် ရွေးထုတ်ခိုင်းကြောင်း၊ ထိုသို့ ရွေးထုတ်ခိုင်းပြီးနောက် မိသားစုဝင်များကိုလည်း ဆဲဆိုမှုများ ပြုလုပ်ကာ နောက်တစ်ချိန် ပြန်လည် ဖမ်းဆီးမိလျှင် စစ်မှုထမ်းရမည်ဟု ပြောဆိုကြောင်း၊ ရဲထွက်အကြီးကောင်၏ မိသားစုဝင်များသည် အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် စီးပွားရှာနေသူများဖြစ်ကြောင်း သိရသည်။

ထို့အတူပင် ရေကင်းရွာတွင် မျိူးထွန်းအောင်နှင့် မိုးညို ပျူစောထီး ပြည်စုံတို့ ပူးပေါင်း၍ ပြည်သူများဆီမှ နည်းမျိုးစုံဖြင့် ငွေညှစ် ဖိနှပ်ပြီး ကြီးပွားချမ်းသာနေကာ ၎င်းတို့ ကြိုးကိုင်သူသည် ရေကင်း ကြံ့ဖွတ်ပါတီဝင် အောင်ကျော်ဦးဖြစ်ကြောင်း သိရှိရသည်။

မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ စစ်ဆေးရေးဂိတ်တွင် မိုးညိုမြို့ စရဖ တာဝန်ခံ လှိုင်မင်းသူသည် ခရီးသွားပြည်သူများ၏ ကားများကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံမှုများ အကြီးအကျယ် လုပ်ဆောင်နေပြီး ပြည်သူများကို အကြောင်းမဲ့ ဆဲဆိုမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

မိုးညိုမြို့ပေါ် ရွှေပြည်သာ ရပ်ကွက်တွင် KTV ဖွင့်ထားသော ချဲဒိုင် ပါလေးဆိုသူနှင့် အရက်ဆိုင်ပိုင်ရှင် ဖိုးသက်ဦး တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နည်းမျိုးစုံဖြင့် ထောက်ပို့မှုများ လုပ်ဆောင်ကာ စစ်တပ်ကို သတင်းပေးနေသူများဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မိုးညိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် ဒေါင်တိုင်များဖြစ်သော ကြံ့ဖွတ် EC အဖွဲ့ဝင် အေးနိုင်ရွှေ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း နန်းဦး ၊ ထွန်းနိုင် ၊ စရဖဝင်းဇော် ၊ ဗွီဒီယို ကိုဖိုးဝ ၊ ခင်လတ် တို့က စစ်တပ် သက်ဆိုးရန် နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့နေကြောင်း၊ ထို့ပြင် ပျူစောထီးများကိုလည်း ထိန်တောရွာနှင့် ဇီးဖြူကုန်းရွာဘက်များတွင် ကိုင်းကွင်းများကို ရှင်းလင်းပြီး ဧရာဝတီတိုင်းအတွင်း PDF တပ်ဖွဲ့များ စစ်ရေးအရှိန်မြှင့်လာလျှင် ဟန့်တားနိုင်ရန်ဟုဆိုကာ ပျူစောထီးအင်အားများကို တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article