ရန်ကုန်၊ ဇန်နဝါရီ ၉
AA က သိမ်းပိုက်ထားသော ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄၀ ခန့်သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိကာ လူနေအိမ် ၅၀၀ ခန့် မီးလောင်ပျက်စီးကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၁ စီးက ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကို ဗုံးကျဲချခဲ့ရာ ဒေသပြည်သူ ၄၀ ခန့်သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ထို့အပြင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောက်နီမော်တိုက်နယ်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ် ကွက်၊ အလယ်ပိုင်းရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ် ၅၀၀ ခန့်လည်း မီးလောင်ပျက်စီးကြောင်း သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်အချိန် ရမ်းဗြဲမြို့ နယ်၊ ကျောက်နီမော်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချစဉ် အပျက်အစီးများ။
Photo- Arakan Princess Media
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar