ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်ပိုင် ဆက်သွယ်ရေး Mytel ကုမ္ပဏီကို အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကိုဆန့်ကျင်တဲ့ ကုမ္ပဏီအဖြစ် စာရင်းသွင်းအရေးယူတယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနက ကြေညာလိုက်ပါတယ်။
- ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့ ပြည်တော်သာရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး ဆန်းထွေးက စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ပြီး လူငယ်တွေကို နေအိမ်ထဲအထိ ပေါ်တာဆွဲဖမ်းဆီးနေလို့ လူငယ်အားလုံး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ စလင်းမြို့အနီး တော်လှန်ရေးတပ်ဖွဲ့တွေ ရောက်ရှိလာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို အကြမ်းဖက်စစ်တပ်က ယာယီပိတ်ထားလိုက်ပြီး အရေးကြီးစာရွက်စာတန်းတွေကို မကွေးမြို့ကို ပြောင်းရွှေ့သယ်ယူနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar