31 C
Yangon

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့များက ပြည်သူလူထုကို ညှဉ်းပန်း ဖိနှိပ် သတ်ဖြတ်သော စစ်ရာဇ ဝတ်မှုနှင့် ဆက်စပ် ပြစ်မှုပေါင်း ၃၈၀၀ ကျော်အထိ ကျူးလွန်ခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံတပ်ဖွဲ့များက ၂၀၂၄ ခုနှစ်အတွင်း ပြည်သူများအပေါ် စစ်ရာဇဝတ်မှုနှင့် ဆက်စပ်သည့် ပြစ်မှု စုစုပေါင်း ၃၈၄၅ ကြိမ်အထိ ကျူးလွန်ထားကြောင်း Spring Revolution Database (SRD) က ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအဖွဲ့များ၊ ရဲတပ်ဖွဲ့ ၊ ပျူစောထီးများက ပြည်သူများအပေါ် အကြမ်းဖက်ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အကျဉ်းထောင်တွင်း ရိုက်နှက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်ပိတ်သိမ်းခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်း၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်ခြင်း၊ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း စသည့် အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်အဖွဲ့များ ကျူးလွန်သည်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူများကို လေဆိပ်မှ ထွက်ခွာခွင့် ပိတ်ပင်ခြင်း၊ စာသင်ကျောင်း ဆေးရုံများတွင် တပ်စွဲခြင်း၊ ဒရုန်းနှင့် ဗုံးကျဲခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်း၊ ဧည့်စာရင်းအကြောင်းပြဖမ်းဆီးခြင်း၊ ပြည်သူအသုံးပြုသည့် အခြေခံအဆောက်အဦကို မိုင်းခွဲ ဖျက်ဆီးခြင်း စသည့်များကိုလည်း မှတ်တမ်းတင် စာရင်းကောက်ယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း ပြည်သူ ၃၁၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၃ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ပြည်သူ ၃၇ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ခဲ့ပြီး လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း အသက် ၈၀ အရွယ် အဘွား ၁ ဦး ထိတ်လန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ဓမ္မပြုကျင်ခံရ၍ သေဆုံးခဲ့သည့် အမျိုးသမီး ၉ ဦး ရှိခဲ့ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခံရသည့် ပြည်သူ ၁၁ ဦး ရှိခဲ့ပြီး ကားဖြင့် တိုက်သတ်၍ သေဆုံး ပြည်သူ ၁ ဦးရှိကာ သန့်ရှင်းရေးလုပ်နေသည့် ပရဟိတသမား တစ်ဦးကိုလည်း အကြောင်းမဲ့ သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း SDR က ပြောသည်။

ရဲစခန်းအချုပ်တွင် သေဆုံးမှုသည်လည်း ၂၀၂၄ ခုနှစ်အတွင်း ၅ ဦးအထိရှိခဲ့ပြီး အကျဉ်းထောင်အတွင်း အကျဉ်းဦးစီးဝန်ထမ်းများ၏ သတ်ဖြတ်မှုကြောင့် CDM ဝန်ထမ်း ၂ ဦး၊ နိုင်ငံရေးအကျဉ်းသား ၅ ဦးနှင့် ပြည်သူ ၁၅ ဦးအပါအဝင် စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း၊ အကျဉ်းထောင်ပြင်ပထုတ်၍ သတ်ဖြတ်ခံရသည့် အကျဉ်းသး ၃ ဦး ရှိခဲ့ကြောင်း ၊ တိုက်ပွဲများအကြားတွင် ပြည်သူ သေဆုံးမှု ၃၉ ဦး ရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ အကြမ်းဖက်စစ်တပ်၏ လည်လှီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၁၉ ဦး သေဆုံးခဲ့ရပြီး ဦးခေါင်းဖြတ်သတ်ဖြတ်ခံရသည့် ပြည်သူ ၁၅ ဦး ရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အနက်ရောင် သေမင်းတမာန်အဖွဲ့က ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ၂၀၂၄ ခုနှစ်အတွင်း သတ်ဖြတ်မှုတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ကြီးလည်း ပါဝင်ခဲ့သည်။

အကြမ်းဖက် သတ်ဖြတ်မှုများကို စစ်ကောင်စီဝင်များအပြင် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများကလည်း ၂၀၂၄ ခုနှစ်အတွင်း ပြည်သူ ၂၇ ဦးအထိ သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၉၉ ၂ ဦး တော်လှန်ရေးအင်အာစု ၄၅ ဦး အပါအဝင် စုစုပေါင်း ၁၀၃၇ ဦး ကျဆုံးခဲကြောင်း ၊ ဒရုန်းနှင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀၃ ဦးနှင့် တော်လှန်ရေးအင်အားစု ၁၆ ဦး စုစုပေါင်း ၁၁၉ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို ၂၀၂၄ ခုနှစ်အတွင်း အကြိမ်းပေါင်း ၃၁၄၉ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း စစ်မှုထမ်းဥပဒေကို အကြမ်းဖက်စစ်တပ်က ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေပြဋ္ဌာန်းပြီးနောက် ပြည်သူ ၁၁,၇၅၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ထို့ပြင် ကျောက်ဖြူမြို့နယ် IDP Camp အတွင်းမှ ဒုက္ခသည်များကိုလည်း စစ်သားစုဆောင်းရန် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းများလည်း လုပ်ဆောင်ခဲ့သည်။

ထိုသို့ အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းမှုများကြောင့် စစ်မှုမထမ်းလို၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ပြည်သူများလည်း ၂၀၂၄ ခုနှစ်အတွင်း ၁၂ ဦးအထိရှိခဲ့ကြောင်း ၊ စစ်မှုထမ်းသင်တန်းတွင်တွင် အကြမ်းဖက်စစ်တပ်က အစ္စလာမ်ဘာသာဝင် ၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ခုနှစ်အတွင်းလူငယ်များကို ပြစ်မှတ်ထား၍ ပြည်ပထွက်ခွာခွင့် ပိတ်ပင်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ပြီး ထိုအထဲတွင် အလည်အပတ် PV နိုင်ငံကူးလက်မှတ်နှင့် ပြည်ပထွက်မည့် လူငယ်၏ ဖုန်းတွင် မိဘနှင့် ဆွေမျိုးများကို ကန်တော့သည့် ဓာတ်ပုံကို တွေ့သည့်အခါတွင် အလည်အပတ်သွားခြင်းမဟုတ်ဟု ဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လှည့်ပြန်ခိုင်ခြင်းအပါအဝင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ နယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ အလည် အပတ်ဗီဇာဖြင့် ထွက်ခွာမည့် PV နိုင်ငံကူးလက်မှတ်ကိုင်ထားသည့် လူငယ်များကို ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားမြစ်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်းတွင် ပြည်နယ်နှင့် တိုင်း ၁၁ ခုရှိ နေအိမ် ၃၆၈၉ လုံး ဖျက်ဆီးခံခဲ့ရကာ အချက်အလက်မရရှိသော အတည်မပြုနိုင်သော မီးရှို့ခံရသည့် ပြည်သူ့နေအိမ်များလည်း ကျန်ရှိသေးကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များက ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်မှုကိုလည်း ၁၂၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article