32 C
Yangon

ဇီးကုန်း၊ ဒိုးနွယ်ရွာမှ လူငယ်များကို စစ်တပ်က ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် လူငယ်များကို လိုက်လံပစ်ခတ် ဖမ်းဆီး၊ ပြည်၊ စကုနှင့် ကြို့ပင်ကောက် တို့တွင် စစ်တပ်က လူငယ် ၃၀ ကျော်ကို စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာမှ လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ပြီး ပစ္စည်းအားလုံးကို ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဘော်ဘင်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်သားများက ဇီးကုန်းမြို့နယ်၊ မီးကောက်ပင် ကျေးရွာအုပ်စု၊ ဒိုးနွယ်ရွာကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ ထွက်ပြေးသည့် လူငယ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဒိုးနွယ်ရွာ တစ်ရွာလုံးကို ဝင်ရောက် မွှေနှောက်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကြောင်း၊ စစ်တပ် တပ်ထောက်ခံသူ ကြံ့ဖွတ် အမာခံ သန်းလွင်နှင့်ကျော်စိုး နေအိမ်မှ ငွေကျပ် ၄၂ သိန်းနှင့် ဖုန်းများကိုလည်း စစ်တပ်က လုယက် သွားကြောင်း သိရှိရသည်။

“ဒိုးနွယ်ရွာကို ဝင်ရောက် ပေါ်တာဆွဲတာ ရွာသားတွေ ထွက်ပြေးလို့ဆိုပြီး သေနတ်နဲ့ နောက်က လိုက်ပစ်တာ ဒိုးနွယ်ရွာထဲက တစ်ရွာလုံး မွှေနှောက် ပစ္စည်းခိုးတဲ့အပြင် သူတို့ရဲ့ စစ်ခွေးဒေါက်တိုင် ကြံ့ဖွတ် အမာခံ သန်းလွင် နေအိမ်က ဖုန်း ၃ လုံး ငွေသားသိန်း ၃၀ နဲ့ ကျော်စိုး နေအိမ်က ဖုန်း၁ လုံး ငွေသား ၁၂ သိန်းကျော် ခိုးယူသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်မြို့ နဝဒေး စက်မှုဇုံထိပ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၃၀ ကျော် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြည်မြို့ နဝဒေး စက်မှုဇုံအနီးရှိ သဒ္စမဂီရိတောရ ရိပ်သာဆိုင်းဘုတ်ရှေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းကြောင့် လူငယ် ၃၀ ကျော် ထက်မနည်း ဖမ်းဆီးခံရကြောင်း သိရသည်။

“စစ်ခွေးတွေက လမ်းသွားလမ်းလာ လူငယ်တွေကို ပေါ်တာဆွဲနေတာ လူငယ် အယောက် ၃၀ ကျော်ကို လမ်းဘေးမှာ အားလုံး ထိုင်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စကုမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာ လူငယ်များနှင့် အလုပ်ရုံများအထိ ဝင်ရောက် ဖမ်းဆီးမှုလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၄ ရက်နေ့တွင်မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး အောင်မြင် ဦးစီးပြီး လမ်းသွားလမ်းလာ လူငယ်များနှင့် အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော လူငယ်များကို ဖမ်းဆီး၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စကုမြို့ပေါ်မှာ အိမ်စီးကား ၂ စီးနဲ့ လိုက်လံဖမ်းဆီးနေပါတာ မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး အောင်မြင် ကိုယ်တိုင် ဦးစီးပြီး တွေ့တဲ့လူငယ်တွေကို လမ်းပေါ် အလုပ်ရုံတွေထဲအထိ လက်ထိပ်ခတ် ပေါ်တာဆွဲ ဖမ်းဆီးနေတာ စကုနယ်မြေ ရဲစခန်းရှေ့က ဆိုင်ကယ်ဝပ်ရှော့ထဲက လူငယ် ၁ ဦးကို ဖမ်းဆီးသွားပါတယ်။ ဆိုင်ရှေ့ကို ကားမောင်းသူ ကားထိုးပြီး လူငယ်လေးကို အတင်းဖမ်းဆီးခေါ်ဆောင်သွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်နင်းပင်ရွာမှ ကိုစိုးမင်းဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဆင်နင်းပင်ရွာမှ ကိုစိုးမင်းဦး ဆိုင်ကယ်စီး၍ နေအိမ်ထဲ ဝင်ရောက်နေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲဖမ်းဆီးပြီး ထွေ/အုပ်ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးပြီး ထွေ/အုပ်ရုံးကို ဖမ်းခေါ်သွားတာ မိသားစုဝင်တွေကို သိန်း ၆၀ ပေးရင် ပြန်လွတ်ပေးမယ်လို့ စစ်ခွေးတွေကပြောဆိုတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၈ မှ သင်တန်းသား တပ်သားသစ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်းအပတ်စဉ် ၈ မှ သင်တန်းသား တပ်သားသစ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article