31 C
Yangon

ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းတွင် ရေးဘီလူးတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးခဲ့ပြီး မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးရမိ၊ စစ်တပ်က ကားလမ်းများကို ပိတ်ထား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ် ရေးမြို့နယ်၊ ခမရ ၅၈၆ တပ်၊ ၃၄၃ တပ်၊ ၅၈၇ တပ် အနီးရှိ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းမကြီးတွင်ရေးဘီလူးတပ်ရင်းက လုံခြုံရေးအရ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာတွင် တပ်ကြပ်ကြီးအဆင့်ရှိ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ တပ်များနှင့် နီးကပ်သည့် အမှတ် ၈ လမ်းမပေါ်အထိ တက်ရောက်၍ လုံခြုံရေး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးမိတဲ့ လူကို အရေးယူဆောင်ရွက်သွားမှာပါ။ ဖြစ်စဉ်အပြီး မနေ့ ညနေ ၄ နာရီ ဝန်းကျင်က စပြီး စကစ တွေ အပလိုင်ကျေးရွာ၊ စုံပတောက်ကျေးရွာ ၊ တောင်စွန်ကျေးရွာ၊ စုံနံသာကျေးရွာ၊ ကွန်ဒူးကျေးရွာ၊ အဆင်းလမ်းတွေကို ကျောက်ကားနဲ့ မြေမှာပြီး လမ်းတွေ ပိတ်လိုက်ပါပြီ” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်

အကြမ်းဖက်စစ်တပ်သည် ကားများကို လုံးဝ ဆင်းခွင့်မပေးဘဲ လမ်းများကို ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။

လတ်တလော ရေးမြို့နယ်တွင် စစ်ရေးတင်းမာမှုများရှိနေပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များကလည်း ရေးမြို့ပေါ်မှ လွဲ၍ ရေးမြို့နယ်တစ်ခုလုံးတွင် နယ်မြေစိုးမိုးထားကြောင်း၊ စစ်တပ်က ရေးမြို့ပေါ်တွင် လုံခြုံရေး အထူး တိုးမြှင့်နေကြောင်း သိရှိရသည်။

“ရေးမြို့ကို ဝင်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်တပ်နဲ့ ရဲဘက်မှာတော့ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ မြို့ပေါ် လုံခြုံရေးဆိုတာထက် စစ်တပ်ဝင်းတွေမှာ လုံခြုံရေး စည်းအထပ်ထပ်နဲ့ ခံစစ်ကို သေချာ ပြင်ဆင်နေတာတွေ့ရတယ်” ဟု ရေးမြို့မှ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article