ရန်ကုန်၊ ဇန်နဝါရီ ၂၀
ကရင်နီနှင့်ရှမ်းပြည်နယ် အစပ် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖယ်ခုံမြို့ ရှေ့ဖက်ကမ်းရှိ လွယ်ပေါ နှင့် နမ့်ပေါ်လုံ ကျေးရွာတို့ကို ဖယ်ခုံအခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင် အမျိူးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းကလည်း ဖယ်ခုံမြို့နယ်ရှိ ပြည်သူများ တောင်ယာလုပ်နေသော နေရာများကို အကြမ်းဖက် စစ်တပ်က ထပ်မံပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဖယ်ခုံအခြေစိုက် အမြောက်တပ်သည် ပြည်သူများနေထိုင်ရာ နေရာများကို ဦးတည်၍ အကြိမ်ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ သတိရှိစွာ သွားလာ နေထိုင်ကြရန်နှင့် ဗုံးခိုကျင်းများ ပြုလုပ်ထားရန် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police က တိုက်တွန်း နှိုးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar