32.2 C
Yangon

နောင်ချိုမြို့နယ်၊ ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ ပါရမီ လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အရပ်သား ၁၀ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၃ နာရီအချိန် နောင်ချိုမြို့နယ်၊ ရဲစခန်း အနီးရှိ ပါရမီ ၂ လက်ဖက်ရည်ဆိုင်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး သေဆုံးသူများမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မိသားစုနှင့် ဝန်ထမ်းများဖြစ်ကြောင်း သိရှိရသည်။

“နောင်ချို ရဲစခန်းနားက ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို တည့်တည့်ကျတာ။ ဆိုင်ပိုင်ရှင်မိသားစုကလည်း လက်ဖက်ရည်ဆိုင်ကို သန့်ရှင်းလုပ်နေတဲ့အချိန်မှာ ဗုံးကျတာ။ ဆိုင်ဝန်ထမ်းတွေက ခေါင်းပြတ်၊ ခြေပြတ်တွေဖြစ်ကုန်တယ်။ ဗုံးကျတဲ့အချိန်မှာ ဆိုင်ထဲမှာ ထိုင်နေတာကလည်း ၁ ၀ိုင်း၊ ၂၀ိုင်းလောက်ရှိတယ်။ အကြော်ဆရာ ၁ ဦးပဲ ကောင်းကောင်းလွတ်တယ်။ ပထမ ကြားတာ DB အလောင်း ၈ လောင်း။ အခုနောက်ဆုံး Update သေဆုံးသူ ၁၀ ဦးရှိပါတယ်။ ဒဏ်ရာရသူ အရေအတွက်လည်း မသိရသေးဘူး” ဟု နောင်ချိုမြို့မှ ဒေသပြည်သူက ပြောဆိုသည်။

TNLA က သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို ယမန်နေ့ကလည်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး ဗုံးကျရောက်ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့တွင်လည်း ပြည်သူ ၁၀ ဦး ထပ်မံသေဆုံးရာ ၂ ရက်အတွင်း ပြည်သူ စုစုပေါင်း ၁၁ ဦး လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – သိန်းအောင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article