28 C
Yangon

ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေ၊ ပေါင်းတည်တွင် ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်နှင့် မန္တလေးတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေပြီး ပေါင်းတည်မြို့ အာရုံဈေးကို စစ်တပ်က လူငယ် ၁၀ ဦးကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ ဧရာ ၂ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုအောင်ကောင်းမြတ်သည် ဇန်နဝါ ရီလ ၁၇ ရက်နေ့တွင် အလုပ်မှ နေအိမ်ကို ည ၇ နာရီခန့်၌ ပြန်လာစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ မိသားစုဝင်များကလည်း အလုပ်တွင် ညအိပ်သည်ဟု ထင်ကာ လိုက်လံရှာဖွေခဲ့ခြင်းမရှိဘဲ အလုပ်မှ အပေါင်းအသင်းများ နေအိမ်ကို လိုက်လာမှ ပျောက်ဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ အင်းစိန်မြို့နယ်မှ ကိုစိုးသူကျော် (ခ) ကိုမောင်ချေသည်လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး မိသား စုဝင်များနှင့် အဆက်အသွယ် ပျောက်ဆုံးသွားကာ ၃ လနီးပါးကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုရန်ပိုင်ဦးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြောက်ဒဂုံ မှ တောင်ဥက္ကလာ နေအိမ်ကို ပြန်လာစဉ် ည ၁၂ နာရီထိ အဆက်အသွယ်ရပြီးနောက်ပိုင်း၌ ပျောက်ဆုံးသွား ခြင်းဖြစ်ကာ ၁ လကျော်ကြာသည်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေထိုင်သော ကိုကျောက်ဌေးဦးသည်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘုရင်နောင် ကားဂိတ်မှ မျိုးသိမ်း စျေးပွဲရုံသို့ အသွားတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုမိုးကျော်ကျော်သည်လည်း ဒညင်းကုန်း ဘူတာဈေး နှင့် CNG (gas) ဆိုင်ကြားတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၉ နာရီခန့်၌ လမ်းလျှောက်၍ ကွမ်းယာ ထွက်ဝယ်စဉ် ပျောက်ဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ နတ်ပန်းချီပန်းခြံတွင် နေထိုင်သော အသက် ၃၁ နှစ် အရွယ်ရှိ ကိုစံမင်းထူး (ခ) စံကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၈ နှစ်အရွယ် ကိုမျိုးချစ်ခင် (ခ) ကိုလေး သည် ဇန်နဝါရီလ အတွင်း မိသားစုဝင်များနှင့် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်‌ရွာကြီးကျေးရွာအုပ်စု ညောင်ငါးပင်ရပ်တွင်နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုကျော်စိုးမင်းသည် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းတွင် ပျောက်ဆုံးသွားကြောင်း၊ ကိုကျော်စိုးမင်းသည် တခါတရံ စိတ်မမှန်ဘဲ စကား ပြောချင်ရာ ပြောတတ်သူဖြစ်ပြီး စာပေလည်း မတတ်မြောက်သောကြောင့် ဖုန်းလည်း ပေးမကိုင်ထားကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့ အာရုံဈေးတွင်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့က ဈေးလာဝယ်သည့် လူငယ် ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

“ပေါင်းတည်မြို့နယ်မှာ အာရုံဈေးလာတဲ့ ‌လူငယ် ၁၀ ဦးကျော်ကို စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘယ်ရွာတွေက လူငယ်တွေလည်း ဆိုတာတော့ မသိရသေးပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article