25 C
Yangon

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာအထိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု မရရှိသေးဟု IIMM အကြီးအကဲပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာအထိ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှု မရရှိသေးဟု မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM) ၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ထုတ်ပြန်ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ၄ နှစ် မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းဖယ်ရှားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားမှ စုဆောင်း ဆန်းစစ်ခဲ့သည့် အထောက်အထားများအရ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများစွာ နိုင်ငံအနှံ့တွင် စစ်တပ်က ကျူးလွန်မှုများ ရှိခဲ့ကြောင်း၊ စစ်တပ်ကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို သေစေလောက်သည့် အကြမ်းဖက်နှိမ်နင်းမှုများဖြင့် ဖြိုခွင်းခဲ့ကြောင်း၊ ထောင်ပေါင်းများစွာသော ဆန့်ကျင် သူများကို ဥပဒေမဲ့ထောင်သွင်းအကျဥ်းချခဲ့ပြီး ၎င်းတို့အနေဖြင့် နှိပ်စက်ညှဥ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အခြား အကြမ်းဖက်ခြင်းများကိုလည်းခံစားခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက် လက်နက်ကြီးများနှင့် ဒရုန်းများမှတဆင့် ခွဲခြားမှုမရှိဘဲမကြာ ခဏ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ၎င်းတို့နေအိမ်များမှထွက်ပြေးရကာ ဆေးရုံများ၊ ကျောင်းများနှင့် ဆုတောင်းဝတ်ပြုရာနေရာများလည်း ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

IIMM က ကောက်ယူစုဆောင်းထားသည့် အထောက်အထားအများစုမှာ မြန်မာစစ်တပ်က ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် သက်ဆိုင်သော်လည်း မုဒိမ်းမှု၊ သတ်ဖြတ်မှုနှင့် ညှဥ်းပန်းနှိပ်စက်မှုများအပါအဝင် အခြားသောလက်နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စပ်လျဥ်းသည့် အစီရင်ခံစာများကိုလည်း IIMM က စစ်ဆေးလျက် ရှိကြောင်း၊ IIMM အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်သည့် အထောက်အထားများကို ကျူးလွန်သူ (သို့မဟုတ်) ကျူးလွန်ခံရသူများ၏ လူမျိုး၊ ဘာသာ (သို့မဟုတ်) နိုင်ငံရေးခံယူချက် ကိုမကြည့်ဘဲ ကောက်ယူစုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးလုပ်ငန်းများအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဥပဒေအရာရှိက တောင်းဆိုထားကြောင်း သိရှိရသည်။

သို့ရာတွင် စစ်အာဏာသိမ်းပြီးချိန်မှစပြီး လတ်တလော ကျူးလွန်ထားသည့် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တရားစွဲဆိုစီရင်ခြင်းများ မရှိကြောင်း၊ ကျူးလွန်ထားသော ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်နေခြင်းသည် ကျူး လွန်သူများကို အကြမ်းဖက်မှုများ ပိုမိုကျူးလွန်ရန် ပိုမိုရဲတင်းလာစေသည့်အတွက် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားအားလုံးအတွက် ငြိမ်းချမ်းသော အနာဂတ်ကို တည်ဆောက်ရန် ပြစ်ဒဏ်ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန်လိုအပ်ကြောင်း သိရှိရသည်။

IIMM က အဆိုပါအမှုများကို စုံစမ်းဖော်ထုတ်တရားစွဲဆိုလိုသည့် အာဏာပိုင်များကို ကူညီရန်အသင့်ရှိပြီး ကျူးလွန်သူများ တရားဥပဒေရှေ့မှောက် မရောက်မချင်း အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူ ပြည်သားများအနေဖြင့် ဆင်းရဲဒုက္ခပိုမိုခံစားရမည်သာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အာဏာသိမ်း စစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အာဏာသိမ်း စစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article