26 C
Yangon

မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာထားခြင်း၊ စစ်အုပ်ချုပ်ရေး မြို့နယ်များ တိုးပွားခြင်းနှင့် ခရီးသွားကန့်ချက်များ ရှိနေခြင်းကြောင့် မြန်မာအလုပ်သမား ခေါ်ယူမှုများ စိစစ်ရန် စင်ကာပူအစိုးရ သတိပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေကြေညာထားခြင်း၊ စစ်အုပ်ချုပ်ရေး မြို့နယ်များ တိုးပွားလာခြင်းနှင့် ခရီးသွားကန့်ချက်များရှိနေခြင်းကြောင့် စင်ကာပူသို့ မြန်မာအလုပ်သမားခေါ်ယူမှုများ ကြန့်ကြာနှောင့်နှေးမှုများရှိနေကြောင်း စင်ကာပူအစိုးရ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်သည်။

ယမန်နေ့ ထုတ်ပြန်သော စင်ကာပူအစိုးရ၏ သတိပေးချက် ကြေညာချက်မှာ စင်ကာပူအခြေစိုက် အလုပ်အကိုင်အေဂျင်စီများသို့ ဦးတည်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာထားခြင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေနှင့် မြို့နယ်များ တိုးပွားလာခြင်းနှင့် ခရီးသွားမှုဆိုင်ရာ ကန့်သတ်ချက်များစွာ ဖြစ်ပေါ်နေကြောင်း၊ ယင်းအခြေအနေများကြောင့် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် အလုပ်သမားများ ရရှိရာ မြန်နိုင်ငံမှ အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် အကြံပြုပြီး အလုပ်ရှင်များကိုလည်း အလုပ်သမားခေါ်ယူမှုအတွက် ခရီးသွားလာမှုဆိုင်ရာ အခက်အခဲများရှိနေသည်ကို အသိပေးထားရန်၊ မေတ္တာရပ်ခံလာပါက အလုပ်ရှင်များကို လိုအပ်သော ကူညီမှုများပေးရန် စင်ကာပူအစိုးရက အကြံပြုသည်။

ထို့ကြောင့် အလုပ်အကိုင်အေဂျင်စီများအနေဖြင့် လုပ်ငန်းများ ဆက်လည်လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမားများကို အခြားသော အတည်ပြုခွင့်ပြုပေးထားသည့် နိုင်ငံများမှ ခေါ်ယူနိုင်ကြောင်း အကြုံပြုထားသည်။

စင်ကာပူအစိုးရ၏ ကြေညာချက်သည် မြန်မာအလုပ်သမား ခေါ်ယူမှုများမှာ အဆင်မပြေမှုများ ရှိနေသည့်အတွက် အလုပ် အကိုင်အေဂျင်စီများအနေဖြင့် စိစစ်ခေါ်ယူရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စင်ကာပူသို့ မြန်မာအလုပ်သမားခေါ်ယူမှုများနည်းပါးသွားမည်ဖြစ်ကြောင်း စင်ကာပူရောက် မြန်မာတစ်ဦးက ဆိုသည်။

“ဒီကြေညာချက်က မြန်မာနိုင်ငံမှာ ခရီးသွားကန့်သတ်ချက်တွေနဲ့ မြို့နယ်တော်တော်များများ မာရှယ်လောတွေ ဖြစ်နေတဲ့အတွက် မြန်မာပြည်က အလုပ်သမားခေါ်ယူမှုကို သူတို့ကစိစစ်ဖို့။ ခေါ်ယူခဲ့တဲ့အချိန်မှာလည်း ထွက်မလာနိုင်လို့ရှိရင် ကြန့်ကြာမှုတွေ နှောင့်နှောင်းမှုတွေ ရှိနေနိုင်တဲ့အတွက် အလုပ်အကိုင်အေဂျင်စီတွေကို သတိပေးတဲ့စာထုတ်တာပါ။ အခုဟာကတော့ တကယ်လည်း ခေါ်ထားတဲ့လူတွေ ထွက်မရလို့ မရောက်တဲ့ဟာတွေ Employment အေဂျင်စီတွေက ကြုံနေရတာပဲလေ။ သူတို့က တရားဝင် ဒီလိုကိစ္စတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ဖို့နဲ့ တတ်နိုင်လို့ရှိရင် ရှောင်ရှားဖို့ စာထုတ်တာ”ဟု စင်ကာပူရောက် မြန်မာတစ်ဦးက သုံးသပ်ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသား သိန်းချီ၍ ရောက်ရှိ အလုပ်လုပ်ကိုင်နေကြပြီး အများစုမှာ အထွေထွေလုပ်သားများအဖြစ် ရောက်ရှိ အလုပ်လုပ်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စင်ကာပူရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အိမ်ဖော်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article