ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခမရ-၅၈၄ တပ်ရင်းမှ စစ်မှုထမ်း စစ်သားသစ် ၄ ဦး လက်နက် ၃ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ခမရ ၅၈၄ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဒုတပ်ကြပ် ညီညီလွင်၊ တပ်သား ကိုမြင့်ဝင်း၊ တပ်သား မျိုးမင်းသက် နှင့် တပ်သား စောအေးဖရေ တို့ ၄ ဦးသည် လက်နက်များ ယူဆောင်လာပြီး ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသူ ၄ ဦးသည် ပေါ်တာဆွဲ ခံရပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ အကြမ်းဖက် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခြင်းကို ခံခဲ့ရသူများဖြစ်ကြောင်း၊ ထို့ပြင် အလင်းဝင်လာသူ ၄ ဦးသည် MA-4 တွဲ ပစ်လောင်ချာ ၁ လက်၊ MA-1 ၂ လက်၊ ကျည် ၇၅ တောင့် နှင့် ကျည်ဘောက် ၃ ခုတို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လက်နက်ချ အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၄ ဦးကို လယ်ဒိုမြို့ တာဝန်ရှိသူများနှင့် တပ်ရင်း ၉ တာဝန်ရှိသူများက ပူးပေါင်းပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း စီ ချီးမြှင့်ခဲ့ကြောင်း၊ မိမိ၏ ဆန္ဒသဘောထားမပါဝင်ဘဲ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော စစ်သားများ အနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချ အလင်းဝင်ရန် KNU ဗဟိုက တိုက်တွန်း အသိပေးထားသည်။
အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ်တွင်လည်း စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း က္လားသစ္ဏတ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်မြို့နယ် အခြေစိုက် ခလရ ၂၆၇ တပ်ရင်းမှ တပ်သား စိုးသန်း (ခ) ကုလားလေး နှင့် ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ တပ်ရင်းမှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသော တပ်သား ညီညီဇင် (ခ) ပွကြီး တို့သည် က္လားသစ္ဏတ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ဘီလုံးပြောက်ကျားတပ်ဖွဲ့ (LGF) ပူးပေါင်းစစ်ကြောင်းထံ လက် နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသူ ၂ ဦးကို ပူးပေါင်းစစ်ကြောင်းက နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း များနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး တစ်ဦးလျှင် ငွေကျပ် ၃ သိန်း စီ ဂုဏ်ပြုဆုငွေ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် တပ်သားသစ် အဖြစ် စုဆောင်းခြင်းခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မှန်ကန်သောဆုံးဖြတ်ချက်ဖြင့် အလင်းဝင်ရောက် ခိုလှုံလိုပါက ပူးပေါင်းစစ်ကြောင်းမှ ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း က္လားသစ္ဏတ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476084153_984856350408638_288875344105772522_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476344779_984856430408630_644067603207261972_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/475923864_984856513741955_8562507019507666962_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/475792202_984856593741947_992835541108178405_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476105863_984856690408604_4789879991126272357_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476199852_984856807075259_4420998928538365840_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476377168_984856883741918_6944804732309070405_n.jpg)