22 C
Yangon

တနင်္သာရီတိုင်းစစ်ဒေသတွင် အဆင့်မြင့် Fixed Wing ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်စိုးမိုး ဇီ၀ဇိုး” ကမ်ပိန်းတွင် ပြည်သူများ ထည့်ဝင်လှူဒါန်းပေးရန် တိုက်တွန်းနှိုးဆော်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

တိုင်းစစ်ဌာန တနင်္သာရီတိုင်းစစ်ဒေသတွင် အဆင့်မြင့် Fixed Wing ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်စိုးမိုး ဇီ၀ဇိုး” ကမ်ပိန်း စတင်လိုက်ပြီး ဇန်နဝါရီလ ၂၆ ကနေ မတ်လ ၂၆ ရက်နေ့အထိ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြရန် တိုက်တွန်းနှိုးဆော်လိုက်ကြောင်း ကမ်ပိန်းစီစဉ်သူများက ပြောကြားသည်။

“ဝေဟင်စိုးမိုး ဇီဝဇိုး” ကမ်ပိန်းသည် တနင်္သာရီစစ်ဆင်ရေးဌာနအောက်တွင်ရှိပြီး Dragon Squad အမည်နှင့် တနင်္သာရီတိုင်းနေရာအနှံ့အပြားတွင် စစ်ဆင်ရေးဆောင်ရွက်နေသော အထူး Drone လက်ရုံးတပ်ဖွဲ့၏ ကမ်ပိန်းဖြစ်ကြောင်း ကမ်ပိန်းထုတ်ပြန်ထားချက်အရ သိရသည်။

အမေရိကားရောက် မြန်မာပြည်ဖွားများ၏ R&D အဖွဲ့က ယခုကမ်ပိန်းကို စီစဉ် လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါကမ်ပိန်းတွင် အလှူငွေထည့်ဝင်လှူဒါန်းလိုသူများအနေနှင့် https://www.facebook.com/waihinsoemoezwazoe/ တွင် ဝင်ရောက်ကြည့်ရှုကာ မိမိတို့ရောက်ရှိနေထိုင်နေသည့် နိုင်ငံအလိုက် အလှူငွေလက်ခံသူများထံသို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကမ်ပိန်းစီစဉ်သူများက ပြောကြားသည်။

Dragon Squad အထူး Drone လက်ရုံးတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး Drone တပ်ဖွဲ့အနေနှင့် တနင်္သာရီတိုင်းထဲတွင် ရန်သူ့စခန်းသိမ်းတိုက်ပွဲ (၅) ကြိမ်နှင့် စစ်ဆင်ရေးအတွက် ပျံသန်းမှုအကြိမ် (၆၀၀) ကျော်ရှိခဲ့ပြီး စစ်ဆင်ရေးအတွင်းမှာ ရန်သူစစ်ကောင်စီ၏ အရာရှိ အပါအဝင် (၈၀၀) ကျော် ထိခိုက်သေဆုံးအောင်ထိ ရှင်းလင်းနိုင်ခဲ့ကြောင်း “ဝေဟင်စိုးမိုး ဇီဝဇိုး” ကမ်ပိန်းက ထုတ်ပြန်ထားသည်။

တနင်္သာရီတပ်ရင်းတပ်ဖွဲ့အသီးသီးတွင် လက်နက်ကြီးပစ်ကူ အင်မတန်အားနည်းနေပြီး လက်နက်ကြီးနှင့် ပစ်ခတ်မည့် အမြှောက်ကျည်များ ဝယ်ရ အင်မတန် ခက်ခဲကြောင်း၊ ပြင်းထန်သည့် မြေပြင်တိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများတွင် လက်နက်ကြီးပစ်ကူမှာ မရှိမဖြစ် ဗျူဟာကျသည့် လိုအပ်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းသည် စစ်ကောင်စီဘက်ကနေ လက်လွှတ်လိုက်ရသည့် ရခိုင်ဘက်က ရေတပ်စခန်းများ၊ လေတပ်များအပြင် ကြည်းတပ်များပါ အခြေစိုက်ထားခြင်းဖြစ်သဖြင့် စစ်ကောင်စီအတွက် စစ်ရေးအရ မဟာဗျူဟာကျသည့် တိုင်းတစ်ခု ဖြစ်နေကာ ကျွန်းစုမြို့နယ်ဘက်တွင် ရေတပ်စခန်းများပါ တိုးချဲ့ တည်ဆောက်နေသည်ကို တွေ့ရသည်ဟု ကမ်ပိန်းထုတ်ပြန်ချက်အရသိရသည်။

“ရန်သူ့ဘက်မှာ ဗျူဟာတကျ လုပ်လာသလို ကျွန်နော်တို့ကလည်း ဗျူဟာတကျနဲ့ ပြန်လည်တိုက်ခိုက်ရမှာ ဖြစ်ပြီး မဟာဗျူဟာမြောက်တဲ့ လက်နက်တွေရှိဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်မို့ ဒီကမ်ပိန်းလေးကို နည်းများမဆို ပါဝင်အားဖြည့်ပေးကြဖို့ တိုင်းစစ်ဒေသရဲ့ စစ်ဆင်ရေးတာဝန်ခံ တစ်ယောက်အနေနဲ့ တိုက်တွန်းလိုက်ရပါတယ်”ဟု ကမ်ပိန်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးအခြေအနေ အလွန်တင်းမာနေသည်။

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေသည့် တိုင်းစစ်ဌာန (တနင်္သာရီ) သည် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၏ ကွပ်ကဲမှုအောက်တွင် ရှိပြီး တနင်္သာရီတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း(၅)ရင်း၊ နောက်ထပ် တိုးချဲ့ဖွဲ့စည်းလိုက်သည့် တပ်ရင်းအပါအဝင် တပ်ရင်း (၆) ရင်းကို ဖွဲ့စည်းကွပ်ကဲနေခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article