ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်စစ်ရုံးမှာတောင် ဆိုလာဓာတ်အားပေးစနစ် သုံးနေရပြီဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ အားလုံးကို ဆိုလာစနစ်နဲ့ လျှပ်စစ်သုံးစွဲကြပါဆိုပြီး အကြမ်းဖက် ဒုတိယ စိုင်းဝင်က ညွန်ကြားလိုက်ပြန်တယ်လို့ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေအားလုံးကို ပြည်ပအလုပ်အကိုင်နဲ့ သွားရောက်ဖို့ ပထမဆုံးအဆင့်အနေနဲ့ တက်ရောက်ရတဲ့ ပြည်ပအလုပ်အကိုင် လမ်းညွန်သင်တန်းတင်ခွင့်ကို တရားဝင်ပိတ်ပင်လိုက်ပြီလို့ ရန်ကုန်ခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းက နှစ်စုံကျေးရွာ တံတားအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar