ရန်ကုန်၊ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် မတရား ဖမ်း ဆီးခံရသူ ၁၈၅ ဦးရှိပြီးရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေကြောင်း ကလေးမြို့လူထုတိုက်ပွဲဦး ဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီမှုမရှိသော ဆိုက်ဘာ လုံခြုံ ရေးဥပဒေကို စစ်ကောင်စီနှင့်အပေါင်းပါလူတစ်စုမှ ပြဌာန်းခဲ့ပြီး ထိုဥပဒေကိုအကြောင်းပြု၍ မြန်မာ နိုင်ငံတစ်ဝန်း စစ်ကောင်စီ ထိန်းချုပ်သည့် မြို့ပြကျေးလက်လမ်းများပေါ်တွင် ဖုန်းများကို စစ် ဆေးကာ အကြောင်းပြချက် မခိုင်လုံသည့် စွပ်စွဲချက်များဖြင့် လူငယ်အများအပြား ဖမ်းဆီးထိန်းသိမ်း ခံရလျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် မြို့ပြလူနေရပ်ကွက်များသာမက ဘာသာရေးအဆောက်အုံ ပရဝုဏ်များအထိပါ လူ ငယ်များကို အကြောင်းမဲ့ဖမ်းဆီးလျက်ရှိရာ စစ်မှုထမ်းအပတ်စဉ် ၆ အတွက် ၄၅ ဦး ဖမ်းဆီးခံရပြီး ချင်းပြည်နယ်ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ အပတ်စဉ် ၇ အတွက်လည်း လူငယ် ၅၀ ဦး ဖမ်းဆီးခံရပြီး ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာပြင်သို့ဆောင်ခံခဲ့ရကြောင်း သိရသည်။
အလားတူ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူငယ် ၃၀ ဦးကို ဖမ်းဆီးကာ စစ်ကိုင်းနှင့် တောင်ကြီး (ဗထူးအထူးတပ်နယ်) တပ်နယ်သို့ ပို့ဆောင်ခဲ့ပြီး အပတ်စဉ် ၉ အတွက် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အတွင်း လူငယ် ၉၀ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ယခုကောက်ခံရရှိသော အချက်အလက်များသည် မြေပြင်အချက်အလက်နှင့် အနီးစပ်ဆုံးဖြစ်စေရန် ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်အချက်အလက်သည် ယခုထက်ပိုမိုများပြားနိုင်ကြောင်း ကလေး မြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပြောဆိုသည်။
ထို့ကြောင့် ကလေးမြို့ဒေသနေ လူငယ်များအနေဖြင့် ညအချိန်မတော် နေအိမ်ပြင်ပသွားလာခြင်း များ၊ မလိုအပ်ပဲ ပျော်ပွဲရွှင်ပွဲနှင့် ခရီးထွက်သွားခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ အကြမ်း ဖက်စစ်ကောင်စီအဖွဲ့ဝင်တို့၏ လှုပ်ရှားသွားမှုများ မျက်ခြေမပျက်အကဲခတ်ပြီး ကြိုတင်ရှောင်ရှား ကြရန်နှင့် နေအိမ်ပြင်ပသွားလာမည်ဆိုပါက အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တို့၏နေရာများကို အ တတ်နိုင်ဆုံးရှောင်ကွင်း၍ VPN App အပါအဝင် ဖျက်သင့်ဖျက်ထိုက်သည်များ ကြိုတင်ဖျက်ထားကြ ရန် တိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ နေဝင်ချိန် နီးသထက်နီးလာသည်နှင့်အမျှ နိုင်ငံရေးထွက် ပေါက်အဖြစ် “အတုအယောင် ရွေးကောက်ပွဲ” တစ်ရပ်ကိုပြင်ဆင်လျက်ရှိကာ စစ်ရေးထွက်ပေါက် အ ဖြစ် နိုင်ငံတစ်ဝန်းစစ်ရာဇဝတ်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း ကလေးမြို့လူထုတိုက် ပွဲဦး ဆောင်ကော်မတီက ထုတ်ပြန်ပြောဆိုသည်။
ကလေးဒေသနေ ပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အ တွက် အကြမ်းဖက်စစ်ကောင်စီ ၏ ဖိနှိပ်မှုအပေါ် ရရာနည်းလမ်းအသွယ်သွယ်ဖြင့် အန်တုကာ ထွက် ပေါက်မပေးဘဲ ဝိုင်းဝန်းပိတ်ဆို့ကြရန် ဆက်လက်တောင်းဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476275494_985612273666379_3635063695206875431_n.jpg)