32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ ဖြောင့်မတ် မှန်ကန်တဲ့ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမြင့်မားဖို့ လိုအပ်နေတယ်ဆိုပြီး နိုင်ငံတစ်ဝှမ်း ကလေးသူငယ်တွေ ပါ နည်းမျိုးစုံနဲ့ ဖိနှိပ်သတ်ဖြတ်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောသွားပြန်ပါတယ်။
  • ဧရာဝတီတိုင်းမှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို ခုခံဖို့ဆိုပြီး အကြမ်းဖက် စစ်ကောင်စီတပ်က သူ့လက်အောက်ခံ Non-CDM ဝန်ထမ်းတွေကို စစ်သင်တန်းပေးနေပြန်ပြီး တိုင်းရုံးအပါအဝင် တပ်ရင်း တွေနဲ့ ရဲစခန်းတွေမှာပါ ကတုတ်ကျင်းတွေ ဘန်ကာတွေ ၊ ဗုံးခိုကျင်းတွေ တူးနေကြပြန်တယ်လို့ဒေသခံသတင်းရင်းမြစ်ကလည်း ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
  • မန္တလေးတိုင်းက မြစ်သားမြို့နယ်မှာ စစ်မှုထမ်းဖို့ ပေါ်တာလာဆွဲမယ်ဆိုတဲ့ သတင်းကြောင့် တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာမှာ အသင့်စောင့်နေတဲ့အချိန် မကျည်းကန်ကျေးရွာအနီး ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကား၂ စီးနဲ့ ဆိုင်ကယ် ၅ စီးပါ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၃ ဦး အပါအဝင် ၄ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article