27 C
Yangon

ပဲခူးတိုင်း၊ စိုးမိုးနယ်မြေများတွင် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာတင်ယာဉ်များ ဖြည့်ဆည်းနိုင်ရေး NUG ဝန်ကြီးချုပ်ရုံးအဖွဲ့က ကွင်းဆင်း ဆွေးနွေးညှိနှိုင်းဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများတွင် လူနာတင်ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားနိုင်ရေး NUG ဝန်ကြီးချုပ်ရုံးအဖွဲ့က ကွင်းဆင်းဆွေးနွေးညှိနှိုင်းကြောင်း NUG က သတင်းထုတ်ပြန်သည်။

NUG ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများက ပဲခူးတိုင်းအတွင်း ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံ၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ သွားရောက်ခဲ့ပြီး ဆေးကုသမှုခံယူနေကြသူများ၊ ပြန်လည်ထူထောင်ရေး စခန်းတွင် တက်ရောက်နေကြသူများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

NUG အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ အတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၂ စစ်ဒေသမှုး ဦးတင်ဦး၊ အမှတ် ၂ စစ်ဒေသ ဆေးတပ်တာဝန်ခံ Dr YKZ ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးအပ်နိုင်မှု အခြေအနေများကို လိုက်လံလေ့လာကာ လိုအပ်သော ထောက်ပို့ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article