ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်သော နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်း ဒေသန္တရအမိန့် ကြေညာစာတွင် လုံခြုံမှုကို ထိခိုက်အန္တရာယ် ဖြစ်စေမည့် လုပ်ဆောင်မှုများ မရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းသို့ အခြားနေရာများမှ ညအိပ်/ညနေ လာရောက်ပါက အိမ်ရှင်နှင့် လာရောက် တည်းခိုနေထိုင်သည့် ဧည့်သည်တို့အား တည်ဆဲဥပဒေများနှင့်အညီ ဧည့်စာရင်းတိုင်ကြားခြင်းကို သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် သတင်းပို့ရမည်ဖြစ်၍ သတင်းပို့ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါအမိန့်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ နောက်ထပ် အမိန့်တစ်စုံတစ်ရာ အတည်မပြုမခြင်း အတည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အမိန့်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရသီရိမြို့နယ် ၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ် • ပုဗ္ဗသီရိမြို့နယ်၊ လယ်ဝေးမြို့နယ် ၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင်ပါ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နေပြည်တော်မှာကတော့ မြို့အဝင်၊ အထွက်ရော စစ်ဆေးရေးတင်းကျပ်ပါတယ်။ ရွာဘက်တွေမှာလည်း လုံခြုံရေး တင်း ကျပ်ပါတယ်။ အေလာလေတပ်နဲ့ နီးစပ်တဲ့ ရွာတွေမှာဆိုရင် မကြာခဏ ဧည့်စာရင်းစစ်ပြီး ဒေသ ပြည်သူ့စစ်နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေပါ ဖွဲ့စည်းပြီး လုံခြုံရေးလုပ်နေတယ်” ဟု လယ်ဝေးမြို့နယ်အတွင်း နေထိုင်သူ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
