ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ ဂိတ်စခန်းတွင် စစ်သား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာသည့် တပ်ကြပ် စံမိုးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း Burma Revolution Rangers တာဝန်ခံ ကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်တွင် တာဝန်ကျနေသော ခလရ ၂၅၄ တပ်ရင်းမှ တပ်ကြပ် စံမိုး သည် နှိပ်စက်ထိုးကြိတ်ခံရခြင်းကြောင့် အင်ပင်ဂိတ်မှ ထွက်ပြေးလာစဉ် Burma Revolution Rangers အဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တပ်တွင်း ညှဉ်းပန်းနှိပ်စက်မှုကတော့ တပ်ထဲမှာ ခဏခဏ ကျနော် အချုပ်ထဲရောက်ပါတယ်။ အင်ပင်စခန်းမှာဆိုရင် ကျနော့်ဆိုရင် ထိုးလိုက်ကြိတ်လိုက် ရိုက်လိုက်နှက်လိုက် ဖက်ထိပ် ဆိုရင်လည်းသူများ ထပ်ပိုလုပ်ရတယ်။ ရဲဆိုလည်း အဲတတောင်းစားတွေနဲ့ ယှဉ်ပြီးတော့ ကျနော်တို့ကို ဆဲဆိုပါတယ်။ ရဲဆိုတဲ့ တတောင်းစားတွေကလည်း ဘာစောက်ကျင့်မှ မကောင်းဘူး။ ပြည်သူလူထုကို ဒုက္ခပေးတာများတယ်။ ပြည်သူတွေရဲ့ ဆီကား ဆန်ကားတွေကိုလည်း မတရား ငွေညှစ်တယ်။ ကုန်ကားအစ အကုန်လုံးကို ငွေညှစ်တယ်။ ဆီဆိုရင်လည်း ၁ ပုံးဆိုရင် ပိုက်ဆံ ၅၀၀၀ ကောက်တယ်။ အဲကောက်တဲ့ ပိုက်ဆံကိုလည်း သူတို့ အိတ်ထဲ သူတို့ထည့်ပါတယ်” ဟု စစ်သား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးလာသည့် တပ်ကြပ် စံမိုးက ပြောဆိုသည်။
လက်ရှိချိန်တွင် ခလရ ၂၅၄ တပ်ရင်း၌ နောက်ချန် အင်အားအဖြစ် ဒဏ်ရာရ စစ်သားများသာ ကျန်ရှိတော့ပြီး အင်ပင်စခန်းတွင်လည်း ဒဏ်ရာရ ရဲ ၂ ဦးနှင့် စစ်သား ၁ ဦး ရှိပြီး အင်အား ၁၅ ဦးခန့်သာရှိကြောင်း၊ စစ်တပ်ထဲတွင် ဆက်လက် တာဝန်ထမ်းဆောင်နေသူများ အနေဖြင့် နောင်တရသင့်ပြီ ဖြစ်ပြီး လစာရိက္ခာ အနည်းငယ်နှင့် တိရိ စ္ဆာလို ခိုင်းနေကာ အသက်အသေခံ၍ တိုက်ခိုက်ခိုင်းနေသည့် အတွက် နောင်တရ သင့်ပြီဖြစ်ကြောင်း တပ်ကြပ် စံမိုးက ဆက်လက် ပြောဆိုသည်။
ထိုသို့ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ကြပ် စံမိုးကို ကယ်ထုတ်ချိန်တွင် ရိုက်နှက် ထိုးကြိတ်ခံထားရသော ဒဏ်ရာများကြောင့် မျက်နှာနှင့် ခြေလက်များ ရောင်ရမ်းနေ၍ Burma Revolution Rangers အဖွဲ့က ဆေးကုသမှုများလုပ်ဆောင်ပေးကာ ထိန်းသိမ်းထားပြီးစ စ်ဆေးမေးမြန်းလျှက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
