ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုဋောအရှေ့ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း Union Liberation Front (ULF စစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ကနီမြို့နယ်၊ မုဋောအရှေ့ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာအတွင်းမှ မီးခိုးလုံးများ တက်လာသည့် မြင်တွေ့ရကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ခွေးတွေ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ ရွာထဲကနေ မီးခိုးလုံးတွေ တက်လာတော့ မြင်နေရတယ်” ဟု Union Liberation Front (ULF စစ်ကြောင်း) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
