30 C
Yangon

ရန်ကုန်လေဆိပ်တွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင်အတွက် သွားရောက်မည့် မြန်မာနိုင်ငံသား အားလုံးကို ထွက် ခွာခွင့် စစ်ကောင်စီက ယာယီ ရပ်ဆိုင်းလိုက်၍ အလုပ်သမား ၁၀၀၀ ကျော် လေဆိပ်မှ လှည့်ပြန်ရ

Must read

🟥 ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာမှု အလွန်များပြားနေ၍ စစ်ကောင်စီက အရေအတွက်လျှော့ချမည်ဟု ကြေညာထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံခြားသို့ သွားရောက်ကြမည့် အမျိုးသမီးနှင့် အမျိုး သားများအားလုံးကို မြန်မာနိုင်ငံမှ ထွက်ခွာခွင့် စစ်ကောင်စီက ယာယီရပ်ဆိုင်းထားကြောင်း အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ အလုပ်အလုပ်အကိုင်အတွက် PJ နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာမည့်သူအားလုံးကို အကြောင်းပြချက်မပေးဘဲ ပြည်ပထွက်ခွင့် ယာယီပိတ်ပင်လိုက်ခြင်းဖြစ် ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာမည့် အလုပ် သမား ၁၀၀၀ ကျော် ယာယီတားဆီးခံထားရကြောင်း၊ ယာယီတားဆီးအမိန့်ကြောင့် ပြည်ပသွားမည့် အလုပ်သမားများမှာ လေယာဉ်လက်မှတ်များ ဆုံးရှုံးနေကြကြောင်း သိရှိရသည်။

“ယာယီပြည်ပထွက်ခွင့် ပိတ်တာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက ပိတ်တာ။ PJ လက်မှတ်ကိုင်ပြီး OWIC ကတ် အသင့်နဲ့ ပြည်ပထွက်မယ့် သူအားလုံးကို လေဆိပ်မှာ တားဆီးတာပါ။ ပိတ်တာကတော့ ယာယီပါ။ အလုပ်သမားဝန်ကြီးဌာန ဘက်က ပြောတာက သူတို့ စည်းမျဉ်းစည်းကမ်းတွေ အမိန့် တွေအားလုံး ပြန်သုံးသပ်နေတယ်။ ပြည်ပထွက်တဲ့ အရေအတွက်က အရမ်းများနေတယ်။ အဲဒါကို ပြန်ပြီး ထိန်းချုပ် ကန့်သတ်မယ်။ လူဦးရေ အ ကန့် အသတ်နဲ့ပဲ ပြည်ပထွက်ခွင့်ပြုမယ်။ အခု ခွင့်ပြုထားတဲ့ စနစ်ကလည်း ပြည်ပကို အလုပ်နဲ့ ထွက်ဖို့ အရမ်းမြန်ဆန်နေတယ်။ အဲဒါကြောင့် အားလုံးကို အမိန့် အသစ် မထွက်မချင်း ယာယီရပ်ဆိုင်းထားတာလို့ အလုပ်သမားဝန်ကြီး ဌာနဘက်က ပြောပါတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ အလုပ်သမားဝန်ကြီး အသစ်ဖြစ်လာသော ချစ်ဆွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့်တွေ့ဆုံစဉ် ပြည်ပသို့ ထွက်ခွာသည့် အလုပ်သမားအရေအတွက် အလွန်များပြားနေပြီး လုပ်ငန်းစဉ်များမှာလည်း အလွန်မြန်ဆန်နေကြောင်း၊ ထို့ကြောင့် ပြည်ပအလုပ် သမားအရေအတွက် လျှော့ချမည်ဖြစ်ပြီး လုပ်ငန်းစဉ်များကိုလည်း ပိုမို စိစစ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနကလည်း လတ်တလော ပြည်ပသို့ အလုပ်သမား စေလွှတ်မှုများကို မူဝါဒများ ပြန်လည် သုံးသပ်နေသည့်အတွက် ယာယီရပ်ဆိုင်းထားပြီး ယခု ဖေဖော်ဝါရီလ ၂၁ ရက်နေ့နောက်ပိုင်းတွင် ညွှန် ကြားချက် အသစ်များ ထွက်ရှိနိုင်ကြောင်း၊ ပြည်ပထွက်ခွာရန် ယခင်ထက်ပိုမို၍ အချိန်ကြာမြင့်မည်ဖြစ်ပြီး စိစစ်မှုလုပ်ငန်းစဉ်များလည်း များပြားလာမည်ဖြစ် ကြောင်း၊ အလုပ် သမားဝန်ကြီးဌာနအတွင်းတွင်လည်း ဝန်ကြီးအသစ် အပြောင်း အလဲဖြစ်၍ ဌာနဆိုင်ရာ အကြီးအကဲနှင့် ရာထူးများ အပြောင်းအလဲ လုပ် နေကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ပအလုပ်အကိုင်အတွက် အလုပ်သမားသက် သေခံကတ် OWIC ထုတ်ပေးမှုများကို စစ်ကောင်စီက ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး မည်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်မည်ကိုမူ ကြေညာခြင်းမရှိသေးပေ။

စစ်ကောင်စီက ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ G to G စနစ်ဖြင့် အလုပ် သမား စေလွှတ်မှုများနှင့်ပတ်သက်၍လည်း ပြန်လည်သုံးသပ်နေပြီး မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ နှင့် သတ်မှတ်ချက်များ ပြောင်းလဲရန်လည်း ရှိနေကြောင်း၊ ထိုင်းနိုင်ငံသို့ MoU အလုပ်သမားစေလွှတ်မှုများကိုမူ ရက်အကန့် အသတ်မရှိ ရပ်ဆိုင်းထားကြောင်း သိရှိရသည်။

“တောင်ကိုရီးယားနဲ့ ဂျပန်ကို G to G လွှတ်တဲ့ အလုပ်သမားတွေကတော့ ဖြေ လျှော့မှုတွေ ရှိလာမယ်လို့ သိရတယ်။ ဒါပေမယ့်လည်း အဆင့်တွေကတော့ ပိုပြီး များလာဖို့ရှိတယ်။ ပိုခက်ခဲမယ့် အလားအလာရှိတယ်။ အချိန်ကတော့ အခုထက် ပိုကြာသွားနိုင်တယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

သို့ရာတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားများအားလုံး အလုပ်အကိုင်ဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထား ခြင်းကိုမူ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article