ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ စစ်တပ်၏ မြပုလဲဂိတ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျီးကုန်းကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ပြည်သူများရှိရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြပုလဲ အထိုင်စခန်းကနေ လှမ်းထုတာပါ။ ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ လူလတ်ပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိ ခိုက်ဒဏ်ရာရတယ်”ဟု Chaung U Revolution news မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် ပြည်သူ များရှိရာသို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လတ်တလော ကနီ၊ မတ္တရာ၊ ကလေးမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ၊ လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


