25 C
Yangon

နေပြည်တော်တွင် စစ်ရေးပြ လျှောက်မည့် စစ်သားများကို ကျွေးမွေးရေးတာဝန်ယူထားသော ထောက်ပို့စစ်သား ၂၀ ဦးတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

နေပြည်တော်တွင် စစ်ရေးပြ လျှောက်မည့် စစ်သားများကို ကျွေးမွေးရေးတာဝန်ယူထားသော ထောက်ပို့စစ်သား ၂၀ ဦးတွင် မျောက် ကျောက်ရောဂါ ကူးစက်ခံရကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM တပ်အသိုင်းအ၀ိုင်းက သတင်းပေးပို့သည်။

၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ပြုလုပ်မည့် စစ်ရေးပြအခမ်းအနားတွင် ပါဝင်ရန် နိုင်ငံတစ်ဝန်းမှ စစ်သားများ နေပြည်တော်သို့ ရောက်ရှိ စုဝေးနေကြကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျွေးမွေးရေးတာဝန်ယူထားသော စစ်သား ၈ ဦးတွင် မျောက်ကျောက် ရောဂါ စတင်တွေ့ရှိခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထပ်မံ ၁၂ ဦး ကူးစက်ခဲ့ကြောင်း၊ လက်ရှိ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၀ ဦးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

မျောက်ကျောက်ရောဂါ စတင်ကူးစက် တွေ့ရှိရသည့် တပ်မှာ နေပြည်တော် စစ်ရေးပြ အခမ်းအနားတွင် ကျွေးမွေးရေး တာဝန်ယူထားသော အမှတ် ၅၂၅ ထောက်ပို့တပ်(မော်လမြိုင်)မှစစ်သားများဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ထောက်ပို့တပ်အင်အား ၆၀၀ ခန့်ခေါ်ထားကြောင်း၊ ထောက်ပို့တပ်သားများကို အဆောင် ၁၃ ခုတွင် အင်အား ၅၀ ခန့်စီဖြင့် နေရာချထားပြီး လတ်တလော အဆောင် ၄ ဆောင်မှ ထောက်ပို့တပ်သား စုစုပေါင်း ၂၀ ဦး မျောက်ကျောက်ရောဂါကူးစက်ခြင်းဖြစ်ကြောင်း၊ ကူးစက်ခံရသူများ တိုးလာနိုင်ကြောင်း သိရှိရသည်။

Monkeypox ခေါ် မျောက်ကျော်ရောဂါသည် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အဖျား၊ ချမ်းတုန်၊ ခန္ဓာကိုယ်ကိုက်ခဲ၊ ခါးနာ၊ မျက် လုံးနာ၊ ကြွက်သားနာ၊ လည်ချောင်းနာ၊ မောပန်းနွမ်းနယ်မှုများဖြစ်ကြောင်း၊ ၄ ရက်မှ ၅ ရက်အတွင်း လက်မောင်း၊ ခြေထောက်၊ ခန္ဓာကိုယ်နှင့် မျက်နှာတို့တွင် အနီအဖုများ ပိုမိုထွက်ရှိလာကြောင်း၊ မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေ ဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ကြောင်း သိရှိရသည်။

မျောက်ကျောက်ရောဂါကြောင့် ရောဂါအခံရှိသူများနှင့် ကလေးငယ်များ သေဆုံးခြင်းများဖြစ်ပေါ်နိုင်သော်လည်း သာမန် ကျန်းမာရေးကောင်းမွန်သော သူများတွင်မူ ပျောက်ကင်းနိုင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article