36 C
Yangon

ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာဟု ကုလသမဂ္ဂက သတိပေး

Must read

ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာဟု ကုလသမဂ္ဂက သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က သတိပေးထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ အရေအတွက်မှာ ကမ္ဘာတွင် အများဆုံးဖြစ်လာကြောင်း၊ အရှိန်မြင့်လာသည့် ပဋိပက္ခ၏ ရလာဒ်အဖြစ် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထောက်ပြသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခြင်းတို့နှင့်အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား (အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) ၌ တပ်မတော်နှင့် လက်နက်ကိုင် အင်အားစု အမျိုးမျိုး အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂက ထောက်ပြသည်။

မြန်မာနိုင်ငံမှ အရပ်သားပြည်သူများမှာ ကျယ်ပြန့်သည့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်နေရကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပုံမှန်မရချိန်တွင် လူဦးရေ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီးသန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့မဟုတ် သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရကြောင်း သိရှိရသည်။

ကုလသမဂ္ဂက ရန်ပုံငွေရရှိမှု မလုံလောက်ခြင်းနှင့် အခြားအခက်အခဲများကြားမှပင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များက ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၄ ဒသမ ၂ သန်းအား အကူအညီပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး အစီအစဉ်အရ လူမှုဂရုဏာလုပ်သားများက လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article