24.8 C
Yangon

ငဖဲမြို့နယ်တွင် ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်သော ရဲတပ်ဖွဲ့က သာသနာတံဆိပ် ကားဖြင့် သွားလာနေစဉ် တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ဒုရဲအုပ် ရန်နိုင်ဌေး ဦးဆောင်သော ရဲတပ်ဖွဲ့က သာသနာတံဆိပ် ကားဖြင့် သွားလာနေစဉ် ပစ်ခတ် တိုက် ခိုက်ရာ ရဲ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၉ မိနစ်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့် သပြေစမ်းကျေးရွာ အကြားတွင် ဒုရဲအုပ်ရန်နိုင်ဌေး ဦးဆောင်သော ရဲ ၅ ဦး လိုက်ပါလာသော ကားကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရဲ ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ရဲများထံမှ ၇၉ ၁ လက် ၊ ၄၀ မမ ဗုံးသီး ၂ လုံး ၊ MA-13 သေနတ် ၁ လက်၊ MA-13 ကျည် ၁၃၀ တောင့် ၊ G-3 ကျည် ၁၂၀တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ခြောက်လုံးပြူး သေနတ် ၁ လက် ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ မှတ်ပုံတင်ကတ်နှင့် ဝန်ထမ်း ကတ်များ သိမ်ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် မှတ်၅ တပ်ရင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ သရက်ခရိုင်အမှတ် ၅ တပ်ရင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပါမည်ဟု ကတိသစ္စာပြုအပ်ကြောင်း အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article