31 C
Yangon

ပြည်ပရောက်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာ စစ်မှုထမ်းခိုင်းရန် ရေနံချောင်းမြို့ နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာများ ပေးပို့ ဖိအားပေး ခြိမ်း ခြောက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်စာများ ပေးပို့ပြီး ပြည်ပရောက်နေသူများ ပြန်လာခိုင်းရန် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ဖိအားပေးခြိမ်းခြောက်နေကြောင်း ရေနံချောင်းမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဖေဖော်ဝါရီ လနှောင်းပိုင်းတွင် ရေနံချောင်းမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ လက်မှတ်ရေးထိုးထားသော စစ်မှု ထမ်း ဆင့်ခေါ် စာရင်းသွင်းခိုင်းသည့်စာများကို ပြည်သူများထံသို့ ပေးပို့လာကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်သော လူငယ်အမျိုးသားများရှိသည့်နေအိမ်တိုင်းကို ပေးပို့ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကို အခြေ ခံ၍ ယင်းစစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခြင်းဖြစ်ပြီး ပြည့်ပရောက်နေသူများရှိပါကလည်း မိဘဆွေမျိုးများက ကိုယ်စား စာရင်းသွင်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရမည့်အချိန်ရောက်လျှင် ပြည်ပရောက်နေသူများကို ပြန်ခေါ်ရမည်ဖြစ်ပြီး ပြန်လည် မခေါ်လျှင် အမည်ပျက်စာရင်းနှင့် ၀ရမ်းစာရင်းတွင်ပါဝင်မည့်အပြင် စစ်မှုထမ်းမှတ်ပုံတင်စာရင်းတွင် တာဝန်ခံ လက်မှတ်ရေးထိုးထားသည့်မိဘဆွေမျိုးမှာလည်း အရေးယူထောင်ချခံရမည်ဟု စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ က ဖိအားပေး ပြောဆိုလာကြောင်း သိရှိရသည်။

“လူငယ်ရှိတဲ့အိမ်တိုင်းကို စာရွက်တွေ ပေးပြီး ရုံးခေါ်တယ်။ ပြည်ပရောက်နေရင်လည်း ကိုယ်စား စစ်မှုထမ်းစာရင်းမှတ်ပုံတင်ရမယ်။ စစ်မှုထမ်းတဲ့အချိန်ရောက်ရင်တော့ ပြည်ပရောက်နေရင်လည်း ပြန်ခေါ်ရမယ်။ စစ်မှုထမ်းရမယ်။ အဲဒီလိုမဟုတ်ရင် အမည်ပျက်စာရင်းသွင်းမယ်။ ကိုယ်စားလက်မှတ်ထိုးထားတဲ့သူကလည်း တာဝန်ယူရမယ်။ ဥပဒေအရ အရေးယူထောင်ချခံရမယ် အဲဒီလို အသိပေးပါတယ်” ဟု ရေနံချောင်းမှ မိဘတစ်ဦးက ဆိုသည်။

ရေနံချောင်းမြို့နယ်မှ လူငယ်အများစုမှာ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်နေကြခြင်းဖြစ်ပြီး အများစုသော လူငယ်များမှာ မြန်မာနိုင်ငံ ပြန်လာ၍ စစ်မှုထမ်းရန် ဆန္ဒမရှိကြောင်း ထိုင်းရောက် ရေနံချောင်းလူငယ်တချို့က ဆိုကြသည်။

“ပြန်ဖို့တော့ အစီအစဉ်မရှိပါဘူး။ အိမ်ကိုလည်း ပြောထားပြီးသား။ ငွေနဲ့ရရင် ငွေနဲ့ရှင်း။ မရရင်လည်း တစ်နယ်တစ်ကျေးသာ ရွှေ့ဖို့ ပြောထားတယ်” ဟု ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေရှိ စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူးအဖြစ်လုပ်ကိုင်နေသော ရေနံချောင်းမှ လူငယ်တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article