ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန်တိုင်းအစပ်များတွင် လုံခြုံရေး အထူးတိုးမြှင့်ခဲ့သော်လည်း ကင်းစခန်းငယ်များကို အလစ်အငိုက် ဝင်ရောက် တိုက်ခံရကြောင်း စစ်တပ်အတွင်း ပေးပို့ထားသော ကြေးနန်းများကို ကိုးကား၍ နေပြည်တော်တပ်သတင်း ရင်း မြစ်က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေးအတွက် PDF တပ်များသို့ ပြောကြားသည့် တပ်ထွက် မိန့်ခွန်းကို NUG က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ မိန့်ခွန်းကြောင့် စစ်ကောင်စီက ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန် တိုင်းအစပ်များတွင် လုံခြုံရေးများ အထူးတိုးမြှင့်ခဲ့ကြောင်း၊ သို့ရာတွင် လုံခြုံရေးအင်အား နည်းပါးသော ကင်းစခန်းငယ်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အင်အားတချို့ ပြုန်းတီးပြီး လက်နက်ခဲယမ်းတချို့ပါ ဆုံးရှုံးခဲ့ရကြောင်း စစ်ကောင်စီ၏ ကြေးနန်းအစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
” မြို့ပေါ်နဲ့ မြို့အဝင်အထွက်တွေမှာ အထူး လုံခြုံရေး တိုးမြှင့်မှုတွေ လုပ်နေတယ်။ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ နယ် မြေခံတပ်ရင်းတွေ ပေါင်းပြီး အမြန်လမ်းပေါ်မှာ ကင်းလှည့်တာ၊ မြို့အဝင်အထွက်ဂိတ်တွေမှာ ထပ်တိုးအင်အားပေါင်းစည်းတာတွေ လုပ်ထားတယ်။ ညပိုင်းတွေမှာ အလစ်အငိုက် အတိုက်ခံရနိုင်လို့ ကင်းပုန်းတွေ ခပ်များများ ချထားနေတယ်။ အခု အတိုက်ခံလိုက်ရတဲ့ နေရာတွေက ကျောက်တံခါးနဲ့ဖြူးအတွင်းမှာရှိတဲ့ ရန်ကုန်-မန္တလေး ရထားလမ်း ကင်းစခန်းငယ်တွေနဲ့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းစောင့်တဲ့ ကင်းစခန်းငယ်တွေ အတိုက်ခံလိုက်ရတာ” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိ လုံခြုံရေး အထူးတိုးမြှင့်ထားသော နေရာများတွင် တောင်ငူမြို့၊ ဖြူးမြို့၊ ပဲခူးမြို့တို့ကို အဓိက လုံခြုံရေး တိုးမြှင့်ထားပြီး ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်၊ နေပြည်တော်အဝင်-အထွက်လမ်းများ၊ ရန်ကုန်တိုင်း- ဇီးရိုးမိုင်၊ ရန်ကုန်-ပဲခူး လမ်းဟောင်း အဝင်-အထွက်ဂိတ်များစသည့် နေရာများတွင် ယခင်ထက် အင်အားပိုမိုတိုးမြှင့်ထားကြောင်း၊ စစ်ဆေးမှုများကိုလည်း ပိုမိုတင်းကျပ်စွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။
NUG ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် ပဲခူးတိုင်း၊ ကျောက် တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်း ၇ ခုကို တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ – ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဇန်နဝါရီလအတွင်း လုံခြုံရေးယူခဲ့သော စစ်ကောင်စီတပ် နှင့် ယမန်နေ့ရက်ပိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းများကို ဝင်ရောက်တိုက်ခိက်ခဲ့သော PDF တပ်များ။
Photo – PVTV နှင့် MNN။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

