ရန်ကုန်၊ မတ် ၃
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွ့်တွင် စစ်မှုထမ်းစာရင်း လိုက်လံကောက် ယူစဉ် မီးရှို့ခံခဲ့ရသည့် ဆယ်အိမ်မှူး အမျိုးသမီးကြီးမှာ ယမန်နေ့ ညနေပိုင်းတွင် ဒုတိယမြောက်အဖြစ် ထပ်မံ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မီးရှို့ခံခဲ့ရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးသေဆုံးခဲ့ပြီး ၄ ရက်အကြာ ယမန်နေ့ မတ် လ ၂ ရက်နေ့ ညနေပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ဒဏ်ရာကိုဆေးရုံတွင် ကုသနေစဉ် ပိုးဝင်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မီးရှို့ခံခဲ့ရတဲ့ ၃ ဦးထဲကနေ ပထမ ရာအိမ်မှူး (ကိုနှုတ်ခမ်းမွှေး) သေတယ်။ အခု ဆယ်အိမ်မှူး အမျိုးသမီး ထပ်သေတယ်။ သူ့အိမ်မှာ နာရေးပြင်ထားပြီ။ ဆယ်အိမ်မှူး အမျိုးသမီးလည်း မီးလောင်ဒဏ်ရာ များတဲ့အပြင် သူက ဆီးချိုရှိနေတယ်။ အဲဒီတော့ အနာတွေ မကျက်၊ ပိုးဝင်၊ ဖျားပြီး ဆုံးတာလို့ သိရတယ်။ ဆေးရုံမှာ ဆယ်အိမ်မှူး အမျိုးသမီးက ၁၈ ရက်ကြာ အော်ဟစ်နေခဲ့တာ” ဟု ဒေါပုံမြို့နယ်မှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် ၊ ဓမ္မရိပ်သာလမ်း သွယ်တွင် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး ၊ ဆယ်အိမ်မှူး အမျိုး သမီးနှင့် အမျိုးသမီးငယ်တစ်ဦးတို့က စစ်မှုထမ်းစာရင်း ပြုစုရန် သန်းခေါင် စာရင်း မိတ္တူများ လိုက် လံကောက်ယူနေစဉ် အိမ်ရှင်တစ်ဦးက ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ တိုက်ခိုက်ခဲ့ကြောင်း၊ မီးရှို့မှုကြောင့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး အမျိုး သမီးကြီးတို့မှာ နေ ရာအနှံ့အပြား မီးလောင်ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ရာမှ နှစ်ဦးစလုံး ရှေ့ဆင့် နောက်ဆင့် သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်သူအိမ်ရှင်မှာ ဖမ်းဆီးရရှိခြင်းမရှိဘဲ လုံး၀ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
