30.5 C
Yangon

သမ္မတ ထရမ့်က မြန်မာ ကျောင်းသားများအတွက် ပေးအပ်ထားသော DISP ပညာတော်သင်ဆု ဒေါ်လာ ၄၅သန်း ကို ရပ်ဆိုင်းမှုကို အရေးပါသော ငွေကြေးဖြတ်တောက်မှုအဖြစ် လွှတ်တော်မိန့်ခွန်းတွင် ထည့်သွင်းပြောဆို

Must read

ရန်ကုန်၊ မတ် ၅

အမေရိကန်သမ္မတ ထရမ့်က မြန်မာ ကျောင်းသားများအတွက် ပေးအပ်ထားသော DISP ပညာတော်သင်ဆု ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းနိုင်ခဲ့မှုအပေါ် အရေးပါသော ငွေကြေးဖြတ်တောက်မှုတစ်ခုအဖြစ် အမေရိကန်လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယနေ့ အမေရိကန်စံတော်ချိန် မတ်လ ၄ ရက်နေ့ ညပိုင်း(မြန်မာစံတော်ချိန် မတ်လ ၅ ရက်နေ့ နံနက်ပိုင်း) အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ထရမ့်က ၎င်းတို့အစိုးရအနေဖြင့် စတင်အာဏာရယူလာသည်နှင့် အမေရိကန်များပင် မသိသော အမေရိကန်ပြည်သူများ၏ အခွန်ငွေကြေးသုံးစွဲမှုများကို ဖြတ်တောက်ခဲ့ရာတွင် မြန်မာနိုင်ငံမှကျောင်းသားများအတွက် ပေးအပ်ထားသော အမေရိကန်ဒေါ်လာ ၄၅ သန်းကိုပါ ရပ်ဆိုင်းနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတထရမ့်က မြန်မာကျောင်းသားများအတွက် Diversity၊ Inclusion၊ Equity and Accessibility အစီအစဉ်ဖြင့် ပေးအပ်ထားသော အမေရိကန်ဒေါ်လာ ၄၅ သန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်းမှာ မြန်မာကျောင်းသားတွေအတွက် ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article