ရန်ကုန်၊ မတ် ၅
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ နားဟီးအုပ်စု ၊ အုံတိုင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော် ၁ ပါးနှင့် အမျိုးသား ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့ အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖယ်ခုံ PDF -အမှတ် ၁၀၀၆ တပ်ရင်းမှ သ တင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခန့်ကဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာရှိ (ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်း) မှ ကျောင်းထိုင် သံဃာတော် တစ်ပါး နှင့် အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“၁၀၀၆ စိုးမိုးနယ်မြေထဲမှာ ဖြစ်သွားတဲ့အတွက်ကြောင့် ပြည်သူတွေက တပ်ရင်းကို အမြင်မှားကြတာ မျိုးတွေဖြစ်နေတာပေါ့၊ ဒါကြောင့် တပ်ရင်းအနေနဲ့ လုံးဝမသက်ဆိုင်ကြောင်းကို ပြတ်ပြတ်သားသား ထုတ်ပြန်ပေးတာပါ၊ အခင်းဖြစ်သွားတဲ့အချိန်ကလည်း မြန်သွားတာပေါ့၊ မြန်တဲ့အချိန်မှာလည်း မြင် လိုက်တဲ့သူတွေကလည်းရှိတယ်။ မမြင်လိုက်တဲ့သူတွေကလည်း ခပ်များများပေါ့၊ မြင်တယ်ဆိုတာက လည်း သေနတ်သံပဲကြားတာမျိုးတို့ လိုမျိုးဖြစ်နေတာပေါ့၊ အဲဒီအခါကျတော့ မသေချာဘူး။သေချာ တာကတော့ သေနတ်နဲ့ပစ်သွားတယ်၊ ပစ်သွားတဲ့လူကတော့ တစ်ယောက်ထက်ပိုတဲ့ အနေအထား မျိုးရှိတာပေါ့” ဟု ဖယ်ခုံ PDF -အမှတ် ၁၀၀၆ တပ်ရင်းမှ သ တင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါဖြစ်စဥ်သည် ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) နှင့် လုံးဝမသက်ဆိုင်ကြောင်း၊ ၁၀၀၆ တပ်ရင်း၏ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး မှအစ အောက်ခြေရဲဘော်များအဆုံး တပ်ဖွဲ့ဝင်များအားလုံးက ထိုသို့ နိုင် ထက်စီးနှင်းသော လုပ်ရပ်အား ပြုလုပ်ကျူးလွန်ခြင်းမရှိသည်ကို တပ်ရင်းရဲဘော်များက အသက်နှင့် သစ္စာခံကြောင်း ကတိပြုထားသည်။
ဖယ်ခုံPDF (၁၀၀၆ တပ်ရင်း) အနေဖြင့် မည်သည့်လူတစ်စု (သို့ ) မည်သည့်အဖွဲ့စည်း တစ်ခုခုမှ ကျူးလွန်ကြောင်း ၊ ကျူးလွန်သူများသည် အဘယ်သို့သော အကြောင်းပြချက်များရှိကြောင်း အ ကယ်၍ ခိုင်လှုံသောအကြောင်းအခြင်းများ ရှိက/မရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းများမှ (ကျူး လွန်သူများ (သို့) အဖွဲ့စည်းအား အရေးယူမည့်ကဏ္ဍများ) စသည်ဖြင့် တရားသော အမှုမှန် ပေါ် ပေါက်ရေးအတွက် ပအဖများ နှင့် ပူးပေါင်းကာ တပ်ရင်းအနေဖြင့် လိုအပ်သည်များကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
“ဒီသံဃာကလည်း စစ်တပ်ဘက်နဲ့ ပေါင်းသင်းဆက်ဆံတဲ့ကဏ္ဍမှာလည်း အတတ်နိုင်ဆုံး ရှောင်တဲ့ သူဖြစ်တယ်လို့ ပြည်သူတွေကလည်း အများကြီးထောက်ခံတယ်။ နောက်ပြီးတော့ သူက ဖယ်ခုံ မြို့ နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးတယ်။ စစ်ဘေးရှောင်တွေကို ကူညီတဲ့နေရာမှာ သူ့ရဲ့ ဒကာ၊ ဒကာမတွေကလည်း ကူညီပေးတယ်လို့ သိရတယ်။ အဓိကတော့ တပ်ရင်းရဲ့ စိုးမိုးနယ် မြေ ဒေသမှာ ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆောင်ရွက်တဲ့ကိစ္စတွေမှာ လိုအပ်တဲ့နေရာကနေ ပူးပေါင်းဆောင်ရွက်သွားပေးဖို့ရှိတယ်။ အမှုမှန်ပေါ်ပေါက်တယ်၊ ကျူးလွန် သွားတဲ့သူတွေကို သိရတဲ့အခါမှာလည်း ထိုက်သင့်တဲ့ ပြစ်မှုပေါ့၊ သူတို့အနေနဲ့ လုပ်သင့်လို့ လုပ်သွား တယ်ဆိုရင်လည်း အကြောင်းပြချက်အထောက်အထားခိုင်လုံ ပေးနိုင်ဖို့ ဖိအားပေးမှာပေါ့၊ တကယ် လို့မပေးနိုင်ဘူး ဆိုရင်တော့ ဒါက လက်နက်မဲ့ အရပ်သား ပြည်သူအပေါ်မှာ နိုင့်ထက်စီးနင်းပြုတယ် လို့ပဲ တပ်ရင်းအနေနဲ့ ယူဆရမှာပေါ့၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စအဖြစ်မှန် ပေါ် ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာပါ။” ဟု ဖယ်ခုံ PDF -အမှတ် ၁၀၀၆ တပ်ရင်းမှ သ တင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်သည် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းခရီးတွင် ၁၀၀၆ တပ်ရင်းနှင့် လူထု အကြား သဘောထားကွဲလွဲစေရန် သွေးခွဲလုပ်ဆောင်မှုဖြစ်ပြီး မည်သို့သော အကြောင်းရင်းများကို မဆို လက်သင့်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
