27 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရုရှားပြန် အကြမ်းဖက် မင်းအောင်လှိုင်ကို ကြိုဆိုဖို့ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်း တွေ၊ စစ်တပ်လော်ဘီ အနုပညာရှင်တွေ ၊ စစ်တပ် လက်အောက်ခံ အဖွဲ့တွေကို စစ်ကောင်စီက ဆင့်ခေါ်ထားပြီး နေပြည်တော်လေဆိပ်ကနေ လမ်းတစ်လျှောက် စည်စည်ကားကား ကြိုဆိုခိုင်းနေ ပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်းက တောင်တွင်းကြီးမြို့ နဲ့ ပဲခူးတိုင်းက အင်းတကော်မြို့နယ်တွေမှာ ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးဆိုပြီး အတင်းအဓမ္မ လိုက်လံကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး ဝင်းသန်း နဲ့ ရာအိမ်မှူး ကျော်ထူး ဆိုသူတို့ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးစလုံး ပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်းက မုံရွာလမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇ ဦး အသီးသီး သေကုန်ကြပြီး စစ်ကား ၂ စီးကို တော်လှန်ရေးတပ်တွေကမီးရှို့ရှင်းလင်းနိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီက ခရီးသည်တင်ကားကိုပါ ဓါးစားခံ လူသားဒိုင်းလုပ်ပြီး တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article