ဒီကနေ့ မတ် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်းက ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ဥသျှစ်ပင်မြို့အနီးကို ရောက်ရှိလာပြီး စစ်ကောင်စီဘက်က တိုက်ပွဲတွေအတွင်း သေတဲ့သူတွေနဲ့ ဒဏ်ရာ ရတဲ့သူတွေ တော်တော်ကိုများနေတာဟာ ဆေးရုံမလောက်တဲ့အထိဖြစ်နေတဲ့အတွက်ပြည် ဒကစ နဲ့ မြို့တော်ခန်းမတွေမှာပါ ယာယီ ဆေးရုံတွေ ဖွင့်လှစ်ပြီး သူတို့စစ်သားတွေကို ထားထားရတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ပြောထားပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကနေ မြိတ်ဘက်ကို ငွေစက္ကူ သေတ္တာတွေနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေပါ လိုက်ပါလာတဲ့ စက်လှေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် အယောက် ၂၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် စက်လှေလည်း စက်လှေ RPG ထိမှန်သွားပြီး မီးလောင်ပျက်ဆီး သွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ လူငယ်တွေကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
