24 C
Yangon

လောင်းလုံးရှိ လက်ခတ်တောင် တာဝါတိုင်ကုန်း စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ကျေးရွာများကို ဆက်တိုက်ဗုံးကျဲနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မတ် ၁၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ လက်ခတ်တောင် တာဝါတိုင်ကုန်း စစ်စခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျေးရွာများကို ဆက်တိုက်ဗုံးကျဲနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ခတ်တောင် တာဝါတိုင်ကုန်း စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း အကြမ်းဖက် စစ်တပ်က လက်ခတ်တောင် အနီးတဝိုက်၊ စစ်ပြဲရွာ နှင့် စမ်းလှမ်းရွာ တို့ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်မှုကြောင့် ကျေးရွာနေ ပြည်သူများနှင့် အနီးဝန်းကျင်မှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပင်လယ်ပြင်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသောကြောင့် ကျေးရွာများအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ ၁၀ နာရီလောက်က လေယာဉ်နဲ့ ဗုံး ၆ လုံး လာကျဲသွားတယ်။ လက်ခတ်တောင် တာဝါတိုင်ကုန်းမှာ တိုက်ပွဲဖြစ်နေတာ မနက်ကတည်းက ဖြစ်နေတာ စစ်ခွေးတွေက တိုက်ပွဲဖြစ်တဲ့ လက်ခတ်တောင်အနီးတဝိုက်ကိုလည်း ကျဲတယ်။ စစ်ပြဲရွာဘက်ကိုလည်း ကျဲတယ်။ ပစ်ခတ်သံတွေကတော့ ရပ်သွားပြီ စစ်ခွေးတွေကပဲ ရွာတွေဘက်ကို ဗုံးကျဲပြီး လက်နက်ကြီးတွေ လှမ်းပစ်နေတာ ပင်လယ်ထဲက စစ်သင်္ဘောကလည်းပစ်တယ် မနည်းဘူး။ လက်နက်ကြီးအလုံးကြီးတွေ အလုံး ၃၀ လောက်ရှိမယ်။ စမ်းလှမ်းရွာနဲ့ မြောက်ဘက်အနီးနားကိုလည်း အခုထပ်ကျဲသွားပြန်ပြီ ကျနော်တို့လည်း အသက်လုပြေးနေရတော့ ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article