28 C
Yangon

ရေစကြိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က မိုးကွဲရွာအနီး စစ်ဘေးတိမ်းရှောင်နေသူများကို ပစ်ခတ် ဖမ်းဆီးမှု ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က မိုးကွဲရွာအနီး စစ်ဘေးတိမ်းရှောင်နေသူများကို ပစ်ခတ် ဖမ်းဆီးရာ ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံရကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ငတ‌ရော်ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုးဖြူရွာနှင့် မိုးကွဲရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လိုက်လံ ပစ်ခတ်စဉ် မိုးကွဲရွာ အနောက်ဘက် ကျွန်းခုံပေါ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ပြည်သူအယောက် ၅၀ ကျော်ကို ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသော ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မိုးကွဲရွာအတွင်းကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ပြည်သူတွေကို ရွာထဲမှာ ဖမ်းထားတယ်။ မီးရှို့တာတော့ အခုချိန်ထိ မတွေ့ရသေးဘူး။ စစ်ခွေးတွေက ထွက်ပြေးတဲ့ သူတွေကို လိုက်ပစ်ရင်းနဲ့ မိုးကွဲရွာ အနောက်ဘက် ကျွန်းခုံပေါ်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅၀ ကျော်ကို ပိတ်ဆို့ ဖမ်းဆီးမိတာလို့ သိရတယ်။ ဖမ်းဆီးခံရသူ အကုန်လုံးကို မိုးကွဲရွာထဲ ခေါ်သွားတယ်လို့ သိရတယ်” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် ၊ မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း ၊ သာဂေါင်လေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်၊ သာဂေါင် (ရွာမ) မှ အသက် ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင် ၊ အသက် ၉၁ နှစ်အရွယ် ဦးအုန်း ၊ အသက် ၇၀ အရွယ် ဒေါ်စန်းဝေ နှင့် အမည်မသိ ပြည်သူ ၃ ဦးကို သတ်ဖြတ်ထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ်တွင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးလာစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ်တွင် ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးလာစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article