ရန်ကုန်၊ မတ် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေပြည်တော် လေတပ်မှ တက်လာသည့် Yak-130 Jet Fighter ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း တဘလုခို့ခီးကျေးရွာတွင် နေထိုင်သော အသက် ၃၆ နှစ် အရွယ် အမျိုးသား တစ်ဦး နှင့် အသက် ၃၀ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး နှင့် ဂိုဒေါင် ၁ လုံးပါ ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက် အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူလူထုများ နေထိုင်သည့် နေရာများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ လိုက်လံ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



