29 C
Yangon

ပခုက္ကူ နှင့် လွိုင်ကော်-ဆီဆိုင်လမ်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၃၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးရွာ ၄ ရွာကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၈ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးကျေးရွာကို ရော့ ကတ်လက်နက်ကြီးဖြင့် ၃ လုံး၊ မတ်လ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ညောင်ဂျစ်ပင်ရွာ ပျူစော ထီးစခန်းကို ရော့ကတ် ၃ လုံးနှင့် နံနက် ၁၁ နာရီအချိန်တွင် အနောက်မကျည်းကန် ပျူစောထီးကျေး ရွာကို ၃ လုံး၊ မတ်လ ၃၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် အောင်သာပျူစောထီးကျေးရွာကို ရော့ ကတ်လက်နက်ကြီးဖြင့် ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အနောက် မကျီးကန်ရွာက ပျူစောထီးမတစ်ဦးသေတယ်လို့ သိရတယ်။ လက်နက်ကြီးနဲ့တိုက်တဲ့ အချိန်မှာ အနောက် မကျီးကန်ရွာက ပျူစောထီးတွေဟာ အောင်သာရွာဘက်ကို ထွက်ပြေးသွားပါ တယ်။ စခန်းသိမ်းခဲ့တာမဟုတ်ပါဘူး။ ရော့ကတ်နဲ့ပစ်တော့ လန့်ပြီးထွက်ပြေးတာပါ။ အခုတော့ ရွာထဲ ပြန်ဝင်နေကြပါပြီ။ အခုလက်ရှိတော့ ရွာထဲကို အင်အားတွေထပ်ဖြည့်ထားတယ်လို့ သိရပါ တယ်” ဟု Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဧရာဒေါင်းတပ်ဖွဲ့နှင့်COBRA ONE Pakokku တပ်ဖွဲ့ တို့ ပူးပေါင်းကာ ဘုရင် စစ်ဆင်ရေး အမှတ်စဉ် ၁ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကရင်နီပြည်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်၊ လွိုင်ကော် -ဆီဆိုင်လမ်းမကြီးပေါ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNDF ဗျူဟာ အမှတ် ၂ က ထုတ်ပြန်ထားသည်။

မတ်လ ၂၉ ရက် နေ့က လွိုင်ကော်-ဆီဆိုင်လမ်းမကြီး သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ် ဖွဲ့ကို KNDF ဗျူဟာအမှတ်- ၂ ရဲဘော်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိကာ ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရ သည်။

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးအား စစ်ရေးတင်းမာမှုများကြောင့် ပိတ်ထားဆဲဖြစ်ပြီး အများပြည်သူ များ အနေဖြင့် စစ်ရေးသတိရှိစွာထား၍ မိမိတို့လုံခြုံရေးအား အထူးဂရုစိုက်ကြပါရန် KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article