ရန်ကုန်၊ ဧပြီ ၇
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ပျူစောထီးများကို သင်တန်းပေးနေသည့် အောင်သပြေရဲဝင်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ ပျူစောထီးများကို သင်တန်းပေး လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ အောင်သပြေရဲဝင်းအတွင်းသို့ လက်နက်ကြီး ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်တွင် နေထိုင်သော ပြည်သူတချို့ကမူ ဧပြီလ ၅ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် အောင်သပြေရဲဝင်းဘက်မှ ပေါက်ကွဲသံ အသံ ၂ ချက် ကျယ်လောင်စွာ ကြားလိုက်ရကြောင်း၊ ယင်းနောက် စစ်ကားနှင့်ရဲကားတချို့ လာရောက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်သွားသည်ဟု သိရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
” ၅ ရက်နေ့ ပေါက်ကွဲမှုဖြစ်တာက အတွင်းမှာ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ဘယ်သူတွေ ထိခိုက်လဲတော့ သေ ချာ မသိရဘူး။ ကျနော်တို့နဲ့ အောင်သပြေရဲဝင်းက လမ်းတစ်ကြောတည်းဆိုတော့ ပြန်သိရတာ” ဟု မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်မှ ပြည်သူတစ်ဦးက ဆိုသည်။
Yangon Army (YA)ကမူ ရန်ကုန်မြို့တွင် စစ်ရေးပစ်မှတ်များကို ထပ်မံ တိုက်ခိုက်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်၍တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ရန်ကုန်တွင် စစ်ဆေးမှုများ လုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
